Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂၇ရက်

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ပြွန်ခေါင်းကျေးရွာတွင် ယနေ့ နံနက် ၂နာရီအချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရရှိသွားသည်ဟုသိရသည်။

ဒဏ်ရာရရှိသွားသူမှာ ပေါက်တောမြို့နယ် ပြွန်ခေါင်းကျေးရွာမှ အဖဦးနီသာထွန်း၏သား အသက် ၂၃နှစ်အရွယ် ထွန်းစိုးနိုင်ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မောင်ထွန်းစိုးနိုင်မှာ ယမန်နေ့ ညနေက အရက်အနည်းငယ်သောက်စားထားပြီး လူမနေသည့်နေအိမ်တစ်လုံးတွင် သူငယ်ချင်း ၃ယောက်နှင့်အတူပျော်နေချိန် ဆေးလိပ်ထသောက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“အိမ်မှာက အိမ်ရှင်တွေ မရှိတော့ သူတို့သူငယ်ချင်း၄ယောက်အတူ အိပ်ကြပါတယ်၊ ထွန်းစိုးနိုင်က အရက်သောက်ထားတော့ ထွက်ပြေးဖို့မရဘဲ ယခုလို ဒဏ်ရာရရှိသွားတာပါ” ဟု ပြောသည်။

မောင်ထွန်းစိုးနိုင်မှာ ခြေထောက်နဲ့ ညာဖက်လက်တို့တွင် မီးလောင် ဒဏ်ရာရရှိသွားခဲ့ပြီး ယနေ့ နံနက်၃နာရီအချိန်မှာ ပေါက်တောမြို့ဆေးရုံးတွင် ကုသရန် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ပေါက်တောမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ