Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကာ စုစုပေါင်းငွေကျပ်သိန်း ၉၀ နီးပါး ခန့်ပျက်စီးဆုံးရှုံး

ABN-ရာဟု

ဇူလိုင် ၂၄ ရက်

ရခိုင်ပြည် ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာတွင် ဇူလိုင်လ ၂၃ရက်နေ့ ညနေ ၇နာရီ ၂၀မိနစ်က နေအိမ်တစ်အိမ်မီးလောင်မှုဖြစ်ပွား ပျက်စီးသွားသည်ဟု သိရသည်။

ကျောက်မောင်းကျေးရွာရှိ ဆိုင်ခန်းနှင့် နေအိမ်ပူးတွဲဖွင့်လှစ်ထားသည် ဒေါ်မနုစိန်နေအိမ်ကို ဓာတ်ဆီလာဝယ်ရာ ဓာတ်ဆီလှပ်ထည့်ပေးနေစဥ် ဓာတ်ဆီအငွေ့များမီဖို့နားရောက်ကာ မီးပွားများမီးကူးပြီး နေအိမ်ပါမီးလောင်ကျွမ်းသွားခြင်းဖြစ်သည်ဟု သိရသည်။

“ဓာတ်ဆီထည့်ပေးနေတာကနေ အငွေ့တွေမီးဖိုနားကူးပြီး အဲကလောင်ကျွမ်းလာတာ၊ နေအိမ်ပါအကုန်မီးထဲပါသွားတာပါ” ဟု မိသားစုဝင်တစ်ဦးက ABN သို့ပြောဆိုသည်။

မီးလောင်မှုကြောင့် နေအိမ်မှာပျက်စီးသွားပြီးဆိုင်ခန်းရှိ ပစ္စည်းများအပြင် ငွေသိန်း၂၀နှင့် ရွှေ ၁ကျပ်သားအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း၉၀ နီးပါးခန့် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ရခိုင်ပြည်တွင် ဇွန်လ ၁၃ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာရှိ နေအိမ်နှင့်ဆိုင်ခန်းပူးတွဲဖွင့်လှစ်ထားသည့် ဒေါ်သန်းနုခင်နေအိမ်လည်း ဓာတ်ဆီလာဝယ်ရာမှ လှပ်ထည့်ပေးနေစဥ်မီးလောင်ကျွမ်းကာ နေအိမ်နှင့်ဆိုင်ခန်းအပါအဝင် စုစုပေါင်းငွေ သိန်း၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ