Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် တံငါသည်တစ်ဦးထံမှ အမည်မသိ လူ ၃ဦး ဟွန်ဒါစက်ကို အကြမ်းဖက် လုယူမှုဖြစ်ပွား

ABN-ရာဟု

ရခိုင်ပြည် ပေါက်တော်မြို့နယ် အင်္ဂါရားချိုင်ကျွန်း ကျောက်မောင်းကျေးရွာတွင် နေထိုင်သည့် တံငါသည်တစ်ဦးထံမှ ညည့်အချိန်တွင် အမည်မသိလူ ၃ဦးက ဟွန်ဒါစက်ကို အကြမ်းဖက် လုယူမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

လုယူခံရသူမှာ ကျောက်မောင်းကျေးရွာတွင် နေထိုင်သည့် အဖ ဦးကျော်သိန်းမောင်၏သား ကိုရွှေမောင်သန်း အသက် ၂၆ နှစ်ဆိုသူဖြစ်ကာ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ဖဒူကျွန်းနှင့် အင်္ဂါရားချိုင်ကျွန်းကြားတွင် ငါးဖမ်းပြီး လှေပေါ်တွင် အိပ်နေစဥ် လုယူခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ကိုရွှေမောင်သန်းသည် ၎င်း၏လှေပေါ်တွင် အိပ်နေစဥ် ညည့် ၁၁နာရီခန့်တွင် တစ်ခြားစက်လှေတစ်‌စီးနှင့် အမည်မသိ လူ ၃ဦးရောက်လာကာ ကိုရွှေမောင်သန်း မျက်နှာကို အဝတ်ဖြင့်ပိတ်ပြီး ဖုန်းနှင့်တခြားပစ္စည်းများပါ မပါ မေးမြန်ခဲ့ပြီး ရိုက်နှက်သတ်ပုတ်မှုများပြုလုပ်ကာ လက်ကိုနောက်ပြန်တုတ်ပြီး သူ့စက်လှေတွင် တပ်ဆင်ထားသည့် ဟွန်ဒါစက်ကို ဖြုတ်ယူသွားကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရသည်။

“ကျနော် ညကပိတ်ချပြီးအိပ်နေတာ စက်လှေနှင့် လူ ၃ဦး ရောက်လာပြီး ကျနော့်မျက်နှာကို အဝတ်နဲ့စည်းထားပြီး ရိုက်တယ်။ ဖုန်းတွေပါလား ဘာတွေပါလဲမေးတယ်။ အသက်ချမ်းသာပေးပါလို့ ပြောလဲ သတ်နေကြတာ နောက်တော့ ကျနော့်ကို လက်ပြန်ကြိုးတုတ်ပြီး ဟွန်ဒါစက်ကို လုယူသွားကြတယ်” ဟု ကိုမောင်ရွှေသန်းက ABNကို ပြောဆိုသည်။

အလုခံရသည့် ဟွန်ဒါစက်မှာ ကာလပေါက်စျေးအရ ၇သိန်းပတ်ဝန်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ကို‌ရွှေမောင်သန်းမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ကျေးရွာတွင် ဆေးကုသမှုခံနေရပြီး အမှုကို ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေးဌာနတွင် တိုင်တန်းထားကြောင်း သိရသည်။

ဓာတ်ပုံ-ဟွန်ဒါစက်အလုခံရသည့် ကိုရွှေမောင်သန်း/ABN

ပေါက်တောမြို့နယ်တွင် တံငါသည်တစ်ဦးထံမှ အမည်မသိ လူ ၃ဦး ဟွန်ဒါစက်ကို အကြမ်းဖက် လုယူမှုဖြစ်ပွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ