Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့တွင် အမျိုးသားတစ်ဦး တောင်ပေါ်မှ ခုန်ချကာသေဆုံးမှုဖြစ်ပွား

ABN-ရာဟု

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ဧပြီလ ၂၆ ရက်နေ့က အမျိုးသားတစ်ဦး တောင်ပေါ်မှခုန်ချကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သေဆုံးသူအမျိုးသားမှာ ပေါက်တောမြို့အမှတ်၃ ရက်ကွက်မှ အသက်၂၆နှစ်အရွယ် ကိုမောင်ဖြူချေဆိုသူဖြစ်သည်။

ပေါက်တောမြို့တွင် အဓိဌာန်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်သည့် လောကထိပ်ပန်ဘုရားတောင်ပေါ်မှ ဧပြီး၂၆ရက် နေ့လည် ၁နာရီခန့်အချိန်တွင် ဆေးကြောင်ကာ ခုန်ချခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“ဘုရားတောင်ပေါ်မှာ လူတွေရှိပါတယ်၊ အဲကောင်လေးက ဆေးကြောင်နေတာထင်တယ်၊ တောင်ထိပ်က ခုန်ချသွားတာ၊ ဘယ်သူမှမထင်ထားဘူးလေ”ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးကျော်အောင်က ABNက်ို ပြောသည်။

၎င်းကို ပေါက်တောမြို့မဆေးရုံကိုယူဆောင်သွားခဲ့သော်လည်း ဒဏ်ရာများပြင်းထန်သဖြင့် ဆေးရုံမှာပင် အသက်သေဆုံးသွားကြောင်းသ်ိရှ်ိရသည်။

ရခိုင်ပြည်တွင် ဧပြီလအတွင်း မိမိကိုယ်မိမိသေကြောင်းကြံစည်ကာ အသက်သေဆုံသွားသူ ၃ဦးအထိရှိလာပြီဖြစ်သည်။

ဧပြီလ ၁၃ရက်နေ့တွင်စစ်တွေမြို့ လမ်မတော်တောင်ရပ်ကွက်မှ အသက်၁၉နှစ်အရွယ် မောင်စိုနိုင်ဝင်းနှင့် ဧပြီလ ၂၄ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ် ရွာမရွာမှ အသက်၆၄နှစ်အရွယ် ဦးအပါငယ်(ခ)ဦးထွေးရီတို့ မိမိကိုယ်ကို ကြိုးဆွဲချကာ သေဆုံးသွားခဲ့ကြသည်။

ပေါက်တောမြို့တွင် အမျိုးသားတစ်ဦး တောင်ပေါ်မှ ခုန်ချကာသေဆုံးမှုဖြစ်ပွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ