Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့တွင် တိုက်ပွဲဆက်ဖြစ်၊ စကစအဖွဲ့ကမ်းမကပ်နိုင်အောင် AA ဖြတ်တောက်ထား

AB News-ဒီဇင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည် ပေါက်တောမြို့ထဲတွင် ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခန့်က ရက္ခိုင့်တပ်တော်နှင့် စကစ၏ လက်ကျန်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပေါက်တောမြို့ထဲသို့ လူ၊ လက်နက်အင်အားများ ဖြည့်တင်းရန် ကြိုးစားနေသည့် စစ်သင်္ဘော ၃ စီးအားလည်း ကမ်းမကပ်နိုင်အောင် AA က ဖြတ်တောက်ထားဆဲ ဖြစ်ကြောင်း ညီနောင်မဟာမိတ် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပေါက်တောမြို့အတွင်း ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် ၃ ရှိ လူနေအိမ်များကို စကစ လက်ကျမ်အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် လူအင်အား လက်နက်အင်အားများ ထပ်ဖြည့်ရန် ကြိုးစားနေသည့် စကစ၏ စစ်သင်္ဘော ၃ စီးအား ရက္ခိုင့်တပ်တော်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁ စီးအား ထိမှန်ပြီး စကစအဖွဲ့ဝင်အချို့ သေဆုံးပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကာ စစ်သင်္ဘောများမှာလည်း နောက်လှည့် ပြန်သွားကြောင်း ဆိုသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောများမှာ ပေါက်တောမြို့သို့ စစ်ကူတက်ရန် ကြိုးစားနေသည်မှာ ၁ ပတ်ခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း ရက္ခိုင့်တပ်တော်က ဆက်လက်ဖြတ်တောက်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

၎င်းဤအပြင် စစ်ကောင်စီအဖွဲ့ ၈၀ ခန့်သည် စစ်တွေမြို့နယ်ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း ၉ နာရီ အချိန်ခန့်က တောကန်ရွာသို့ ဝင်ရောက်ပြီး လူနေဆောင်အချို့အား မီးချို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့က ရမ်းဗြဲ၊ အမ်း၊ မင်းပြားမြို့နယ်တို့တွင် စစ်ကောင်စီဖက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ