Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့ကို စစ်ကောင်စီက ထပ်မံမီးရှို့

ပေါက်တောမြို့ကို စစ်ကောင်စီက ထပ်မံမီးရှို့

AB News- ဒီဇင်ဘာလ ၂၁၊ ၂၀၂၃

ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီအဖွဲ့မှ ရက္ခိုင်ပြည် ပေါက်တောမြို့အား ထပ်မံမီးရှို့နေကြောင်း AB News မှ သိရှိရသည်။

ပေါက်တောမြို့ထဲ၌ ရှိသော စစ်ကောင်စီအဖွဲ့ဝင်များမှ ပေါက်တော မြို့မဈေးအနီးတွင် မီးရှို့ခဲ့သောကြောင့် မြို့မဈေးနှင့် အနီးပတ်ဝန်းကျင်များတွင် မီးလောင်နေကြောင်း ပေါက်တောမြို့နှင့် နီးစပ်သူ ဒေသခံ ၁ ဦးကပြောသည်။

“စစ်ကောင်စီအဖွဲ့ဝင်တွေက ပေါက်တောမြို့ကို နေ့တိုင်းလိုလို ဖျက်ဆီးနေတာဘဲ။ စျေးမှာရှိတာတွေလည်း အကုန်ယူသွားပြီ။ ဒီနေ့လဲ မြို့မစျေးကို မီးရှို့နေတယ်။ မြို့မစျေးပတ်ဝန်းကျင်မှာ အခု မီးလောင်နေပါတယ်” ဟု ဆိုသည်။

ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာ ၁၆ ရက်နေ့က စတင် တိုက်ပွဲ ဖြစ်ပွားခဲ့နောက် စစ်ကောင်စီက ပေါက်တောမြို့အား ၅ ကြိမ်ထက် မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ယနေ့ မနက် ၁၁ နာရီခန့်ကလည်း စစ်တွေမြို့နယ် တောကန်ရွာရှိ နေအိမ်အချို့အားမီးရှို့ခဲ့သည်။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီအဖွဲ့သည် ရပ်ရွာများ၊ ဈေးများအားမီးရှို့ဖျက်ဆီးရန် ပစ်မှတ်ထား လုပ်ဆောင်လာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ