Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့ကို စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ထပ်မံ ဗုံးကြဲ မီးရှို့၊ ၄ ကြိမ်ထက်မနည်းရှိပြီဟုသိရ

AB News – နိုဝင်ဘာ ၂၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချ မီးရှို့နေပြီး၊လောင်ကျွမ်းသည့်အကြိမ်ရေ ၄ ကြိမ်ထက်မနည်းရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေတပ်၊ ရေတပ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ အရပ်သား သေဆုံးမှုလည်း များစွာရှိခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၄၀ မိနစ်တွင် စကစမှ ဂျက်လေယာဥ်ဖြင့် ပေါက်တောမြို့သို့ ဗုံးကြဲချမှုကြောင့် ရပ်ကွက် ၃ အနီးတစ်ဝိုက်တွင် မီးလောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က စကစမှ ရဟတ်ယာဥ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး အနီးရှိ အဆောင်များတွင် ကျရောက်ပေါက်ကွဲပြီး မီးလောင်သွားခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်၌ သဝင်ချောင်းအနီးတွင်တပ်စွဲထားသည့် စကစ ရေတပ်နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့ အကွက် ၂ နှင့် ၃ ကြားရှိနေအိမ်တစ်ချို့ မီးလောင် ပျက်စီးခဲ့ရသည်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ လည် ၁၂ နာရီကျော်တွင် စကစ ရေတပ်နေဗီမှ လက်နက်ကြီးကျည်ထိမှန်၍ စျေးဆိုင်တစ်ချို့နှင့် သစ်ဆိုင်အနည်းငယ် မီးလောင်သွားခဲ့သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိတ်မိနေပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ရရှိခဲ့ပြီး ၎င်းတို့အား ရက္ခိုင့်တပ်တော်မှ ကယ်ထုတ်နိုင်ခဲ့​သည်။

စစ်ကောင်စီတပ်သည် လေတပ်၊ ရေတပ် အပါအဝင် ဒရုန်းတပ်များဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ်တို့တွင် ပေါ်ပေါ်ထင်ထင်အသုံးပြုလာခဲ့ပြီး ဒဏ်ရာရရှိဦးရေလည်း များပြားလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ