Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြိုနယ် တောင်းဖူးရွာတွင် စစ်ကောင်စီရေတပ်အဖွဲက မီးရှိ၍ နေအိမ် ၉၀ ကျော် မီးလောင်ပြာကျပြီး ရွာသား ၁ ဦးပစ်သတ်ခံရ

AB News-ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည် ပေါက်တောမြိုနယ် တောင်းဖူးရွာသို စစ်ကောင်စီ ရေတပ်နေဗီအဖွဲက တက်ရောက်ပြီး ရွာကို မီးရှိ၍ နေအိမ် ၉၀ ကျော် မီးလောင် ပြာကျသွားသည့်အပြင် ရွာသား တစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားကြောင်း စုံစမ်းသိရှိရသည်။

တောင်းဖူးရွာကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့က မီးရှိဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရွာထဲရှိ ဗုံးခိုကျင်းတွင် သည့် ရွာသားတစ်ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကာ သေနတ်ဖြင့်ပါ ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားသူမှာ အသက် ၃၀ ကျော်အရွယ် ဦးမောင်ဆန်းဝင်းဖြစ်ကြောင်း သိရသည်။

ပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ပိုင်ရှင်များ၏ အမည်များကိုမူ AB News က အတိအကျ စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းတွင်လည်း မြိုနယ်အများစုတွင် စစ်ကောင်စီအဖွဲက လက်နက်ကြီးများဖြင့် တရစပ်ရမ်းသမ်းပစ်ခတ်မှုများ တောက်လျှောက်ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ