သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြိုနယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

ပေါက်တောမြိုနယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

AB News- ဇန်နဝါရီ ၁၁ ၊ ၂၀၂၄

ယနေ့ ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီအဖွဲ၏ လက်နက်ကြီး၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပေါက်တောမြိုနယ်၊ သဝင်ချောင်းကျေးတွင် အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ထိခိုက်ဒဏ်ရာရှိသူများမှာ သဝင်ချောင်းကျေးရွာမှ  ဦးမောင်စံနု ၆၂ နှစ်၊ ဦးစံရွှေမြ ၆၃ နှစ်တိုဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ စစ်တွေ အခြေစိုက်တပ်ရင်း ၁၂ ရဲတပ်ရင်းမှ ပသ်ခတ်သည့် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးထဲမှ တစ်လုံးမှာ သဝင်ချောင်းရွာရှိ ဦးစံရွှေမြတို အိမ်ရှေ့တွင်ကျရောက်ပေါက်ကွဲပြီး နေအိမ်ထဲတွင် ထိုင်နေသည့် ဦးစံရွှေမြအား ကျည်စထိမှန်၍ ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ထိုအပြင် တချိန်တည်းတွင် ၎င်းကျေးရွာသို ဒရုန်းဗုံးဖြင့် လာရောက်ဗုံးကြဲပစ်ချမှုကြောင့် ဦးမောင်စံနု၏ အိမ်ရှေ့တွင်ကျရောက်ကာ ဦးမောင်စံနုမှာလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲသည် ပေါက်တောတောင်းဖူးရွာထဲသို ဝင်ရောက်လာပြီး လူနေအိမ်များအား မီးရှိဖျက်ဆီးခဲ့သည့်အပြင် စစ်တွေအခြေစိုက် ရဲတပ်ရင်း ၁၂ ကလည်း ယခုအချိန်ထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသောကြောင့် ကျေးရွာဒေသခံများ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေရလျှက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ