Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြစ်ဘက်မှ စစ်တွေဘက်သို ဆင်းလာသည့် စစ်ကောင်စီ နေဗီ ၂ စင်းကို AA ကပစ်ခတ်ပြီး စကစ တပ်သား ၈ ဦးထက်မနည်း သေဆုံး

ပေါက်တောမြစ်ဘက်မှ စစ်တွေဘက်သို ဆင်းလာသည့် စစ်ကောင်စီ နေဗီ ၂ စင်းကို AA ကပစ်ခတ်ပြီး စကစ တပ်သား ၈ ဦးထက်မနည်း သေဆုံး

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပေါက်တောမြစ်ဘက်မှ စစ်တွေဘက်သို ဆင်းလာသည့် စစ်ကောင်စီ နေဗီ ၂ စီးကို  ရက္ခိုင့်တပ်တော်က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ပြီး စကစ တပ်ဖွဲဝင် ၈ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင်  ပေါက်တောဘက်မှ စစ်တွေဘက်သို မီးရှိပြီး ဆင်းသွားသည့် စကစ နေဗီ ၂စင်းသည် တောင်ဖူးကျေးရွာအနီး၌သောင်တင်နေရာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်ဝင်တိုက်ခဲ့ကာ စကစ တပ်ဖွဲဝင်များ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သိုပြောသည်။

“သူတိုက ရွာကိုဝင်ပြီးမီးရှိတယ်၊ ရွာသားတွေလည်းအကုန်လည်းပြေးကြတယ်၊ မီးရှိလိုပြန်တဲ့အခါ AA က နေဗီ ၂ စီးကိုတိုက်ခိုက်တယ်၊ ၈ ယောက်လောက်သေသွားတာမြင်လိုက်ရတယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် နေဗီ၊ဇက်တိုဖြင့် တောင်းဖူးရွာသိုဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များအား ရည်ရွယ်ချက်ရှိရှိ မီးရှိဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၅၀ ကျော်ထက်မနည်းပြာကျခဲ့ရကြောင်းသိရသည်။

၎င်းတိုပြန်လည်ဆုတ်ခွာရာတွင် နေဗီများ သောင်တင်နေသည့်အတွက် ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၎င်းနေဗီဗျများမှာ ညဥ့်ဒီရေအတက်အကျဖြင့် ပြန်လည် ထွက်ခွာခဲ့ရကြောင်းသိရသည်။

လက်ရှိတွင်လည်း ပေါက်တောမြစ်တစ်လျှောက်တွင် စကစ နေဗီ ၄ စင်းထိပြန့်ကြဲထားပြီး ပေါက်တောမြိုသို ရိက္ခာလာပိုသည် နေဗီများကို ရက္ခိုင့်တပ်တော်က ချေမှုန်းပစ်ခတ်လျက်ရှိသည်။

ထိုအပြင် စစ်တွေအမှတ် ၁၂ တပ်ရင်းမှ လက်နက်ကြီးများနှင့် ဒရုန်းတိုဖြင့်ပစ်ခတ်ခဲ့မှုကြောင့် သဝင်ချောင်းရွာမှ ဒေသခံ ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း မင်းပြား၊ ပေါက်တော၊ တိုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စကစတပ်ဖွဲဝင် ၅၀ ကျော်ထက်မနည်း သေဆုံးသွားခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင် ကျောက်တော်မြိုနယ် ကန်ဇောက်တောင်မှလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်လျက်ရှိပြီး ဒေသခံပြည်သူများလည်း ပုန်းနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ