Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်ဖက်မှ စစ်တွေသို့ စက်လှေ ၁၆ စီးဖြင့် စျေးပြုရန်လာသည့် ပြည်သူ ၅၅ ဦးအား စစ်ကောင်စီက ဖမ်းဆီးထား

ပေါက်တောနယ်ဖက်မှ စစ်တွေသို့ စက်လှေ ၁၆ စီးဖြင့် စျေးပြုရန်လာသည့် ပြည်သူ ၅၅ ဦးအား စစ်ကောင်စီက ဖမ်းဆီးထား

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ရက္ခိုင်ပြည် ပေါက်တောမြို့နယ်ဖက်မှ စစ်တွေမြို့သို့ စက်လှေ ၁၆ စီးဖြင့် စျေးပြုရန်လာသော ပြည်သူ ၅၅ ဦးအား ဗိုလ်မှူး ထိန်လင်း ဦးဆောင်သည့် စရယ ( ရန်ငြိမ်းအောင်) နေဗီက ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများထဲတွင် ကျား ၄၅ ဦး၊ မ ၁၀ ဦးတို့ပါဝင်ကာ ၎င်းတို့အား စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း၌ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယဗိုလ်မှူးကြီး လှဦး ဦးစီးအဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင် ဦးစီးအဖွဲ့ နှင့် ရဲမှူး အောင်နိုင်စိုး ဦးစီးအဖွဲ့တို့ထံ ထိန်းသိမ်းခံထားရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့နယ်မှ ၂၆ ဦး၊ စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ၂၆ ဦး၊ မြောက်ဦးမြို့နယ်မှ တစ်ဦး နှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့အားဖမ်းဆီးခဲ့ပြီး စစ်တွေမြို့ အမှတ် ( ၁) ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့နယ်မှ ၂၆ ဦး၊ စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ၂၆ ဦး၊ မြောက်ဦးမြို့နယ်မှ တစ်ဦး နှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့အားဖမ်းဆီးခဲ့ပြီး စစ်တွေမြို့ အမှတ် ( ၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

စကစ အဖွဲ့တို့သည် အပြစ် မဲ့ပြည်သူများအား မည်သည့်အကြောင်းကိစ္စတစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားခြင်းအပေါ် ပေါက်တောမြို့ခံတစ်ဦးက ယခုလိုပြောသည်။

” ဖမ်းဆီးတာအများကြီးပါပဲ၊ ဘာပြဿနာမှ မရှိပဲနဲ့ ပြည်သူတွေကို ဖမ်းတယ်၊ ခြိမ်းခြောက်မှုတွေပြုလုပ်တယ်၊ ဒါကပြည်သူတွေကို အင်အားပြပြီး မသွားဝံ့အောင် လုပ်တာပဲ “ဟု ဆိုသည်။

စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် လူဦးရေများမှာ ၁။ ကျော်ဝင်းထွန်း ၂။ ကျော်မောင်ထွန်း ၃။ဦးသိန်းဌေး ၄။ မောင်မောင်သန်း ၅။ ကျော်ကျော်ဝင်း ၆။ ကျော်ထွန်းလင်း ၇။ စိုးမြင့်အောင် ၈။ မောင်သန်းချေ ၉။ ဦးမောင်ဘိုးကျော် ၁၀။ ဦးသန်းမောင် ၁၁။ ဇာနည်အောင် ၁၂။ သန်းလှိုင်ချေ ၁၃။ အောင်စိုးဝင်း ၁၄။ ကျော်နိုင်စိုး ၁၅။ ဘိုသန်းထွန်း ၁၆။ စောမောင်ချေ ၁၇။ စောနိုင်ဝင်း ၁၈။ ဦးအေးသန်းမောင် ၁၉။ ထွန်းလုံးချေ ၂၀။ စိုးဝင်းနိုင် ၂၁။ ဖြိုးဟိန်းမြတ် ၂၂။ အဘူဘော်ရှား ၂၃။ အောင်ဖြိုး ၂၄။ ဦးလှသိန်းရွှေ ၂၅။ ဇော်မင်းထွန်း

၂၆။ အောင်သန်းဌေး ၂၇။ မောင်စံရွှေ ၂၈။ ကျော်မင်းနိုင် ၂၉။ ဦးဦးမောင် ၃၀။ နေကျော်လင်း ၃၁။ မနေဝင်းစိန် ၃၂။ မဦးခင်ညို ၃၃။ ဒေါ်မြသန်း ၃၄။ မလှလှဝင်း ၃၅။ မခင်ဝင်းရွှေ ၃၆။ မစိုးပြည့်ဝင်း ၃၇။ မောင်အေးမြ ၃၈။ ဇော်မင်းထွန်း ၃၉။ ခင်မောင်ဆန်း ၄၀။ အောင်သိန်းထွန်း ၄၁။ ကာလူချေ ၄၂။ မောင်လှမောင် ၄၃။ ဦးညီချေ ၄၄။ ဦးလှရွှေသိန်း ၄၅။ ခင်သန်းမောင် ၄၆။ ဆန်းဝင်းချေ ၄၇။ မောင်မြင့်လှိုင် ၄၈။ စံကျော်ထွန်း ၄၉။ ဘူးအောင် ၅၀။ ဦးလှထွန်းကျော် ၅၁။ မောင်ထွန်းဖြူ ၅၂။ ဒေါ်မသန်းဌေး ၅၃။ မခင်လှရီ ၅၄။ မကျော့စိန် ၅၅။ ဒေါ်အောင်နုစိန်တို့ ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ၏ မိသားစုဝင်များမှာ အလွန်စိုးရိမ်ထိတ်လန့်လျက်ရှိနေပြီး မည်သည့်အချိန်တွင် ပြန်လွှတ်ပေးမည်ကိုကား တိတိကျကျ မသိရှိရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ