Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်တွင် အမျိုးသားတစ်ဦး ကွန်ပစ်သွားရာ ဝက်ရူးပြန်ရောဂါဖြင့် ရေနစ်သေဆုံး

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၆ ရက်

ပေါက်တောမြို့နယ်၊ ဝင်းကျွန်းကုလားချောင်းရွာမှ အမျိုးသားတစ်ဦးသည် ကွန်ပစ်သွားရာ ရွာ၏အနောက်ဖက် ဓားပြန်ချောင်းတွင်ဝက်ရူးပြန်ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ် ပေါက်တောချေရွာမှ အဖဦးဘူလာချေ၏သား အသက် ၃၅ နှစ်အရွယ် ဦးမောင်ဝင်းနိုင်ဖြစ်ပြီး ပေါက်တောမြို့နယ် ဝင်းကျွန်းကုလားချောင်းရွာတွင် အိမ်ထောင်ကျနေသည်မှာ ၃ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းသည် အောက်တိုဘာလ ၂၄ ရက်နေ့ ၁၁ နာရီကျော်တွင် ၎င်းနေအိမ်မှ ချောင်းတစ်ဖက်သို့ကွန်ပစ်သွားရာ အချိန်လွှဲပြီး အိမ်ပြန်မရောက်သည့်အတွက် ရွာသားများက ထွက်ရှာရာ ဓားပြန်ချောင်းတွင် သေဆုံးလျက်တွေ့ရှိကြောင်း ဇနီး ဒေါ်စန္ဒာချိုက AB News သို့ပြောသည်။

“ကျမလင်က ၁၁ နာရီလောက်မှာ ကွန်ပစ်ဖို့အိမ်ကထွက်သွားပါတယ်၊ အချိန်ကကြာလာတယ်၊ ကျမလည်း လာနိုးနိုးနဲ့စောင့်နေတယ်၊ စိတ်ပူလို့ရွာသားတွေကို ပြောတယ်၊ သူတို့က ဓားပြန်ချောင်းမှာသေဆုံးပြီးတွေ့တယ်လို့ ကျမကို ပြောတယ်” ဟု ဆိုသည်။

သေဆုံးသွားသူ၏ကိုယ်ခန္ဓာပေါ် ကွန်ကိုတင်ထားပြီး ဝက်ရူးပြန်ရောဂါကြောင့် ယခုလိုသေဆုံးရကြောင်း ဇနီးကိုယ်တိုင်ပြောပြချက်သိရသည်။

၎င်းသည် အောက်တိုဘာလ ၂၄ ရက်နေ့က ကွန်ပစ်ဖို့သွားခဲ့ပြီး ပြန်မရောက်သည့်အတွက် ရွားသူ/သားများဝိုင်းဝန်းရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည် ၂ နာရီကျော်တွင် ရွာ၏အနောက်ဖက် ဓားပြန်ချောင်းတွင် သေဆုံးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

၎င်း၏ဇနီး ဒေါ်စန္ဒာချိုမှာ အသက် ၆ ကျော်အရွယ် မောင်မျိုးဇော်ဝင်း ကလေးတစ်ဦးရှိပြီး မိခင်မှာလည်း ဝမ်းခွဲထားရသည့်အတွက် အိမ်မှုကိစ္စများကိုသာလုပ်ကိုင်နိုင်ကြောင်း သိရသည်။

၎င်းတို့မိသားစုသည် ဆင်းရဲနွမ်းပါးပြီး ငါးရှာ၊ ဟင်းခူး စားသောက်နေကြရကာ ခင်ပွန်းဆုံးရှုံးသွားသည့်အတွက်ကြောင့် အခက်အခဲရှိသွားပြီဟု ဇနီးကဆိုသည်။

သေဆုံးသူ၏အလောင်းကို နေ့လည် ၂ နာရီကျော်တွင် ၎င်းရွာ၏သုသာန်၌ သင်္ဂြိုလ်သွားမည် ဖြစ်ကြောင်း​ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ