Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်တွင် လေဖြတ်၊ စိတ်မနှံ့ ဝေဒနာခံစားနေရသည့် အမျိုးသမီး ၁ဦးအား တိတ်တဆိတ် မုဒိန်းကျင့်မှု ၄ ကြိမ်ထိ ကျူးလွန်မှုဖြစ်၊ ကျူးလွန်သူ တရားခံအား AA ဖမ်းဆီးစစ်ဆေးနေ

ပေါက်တောနယ်တွင် လေဖြတ်၊ စိတ်မနှံ့ ဝေဒနာခံစားနေရသည့် အမျိုးသမီး ၁ဦးအား တိတ်တဆိတ် မုဒိန်းကျင့်မှု ၄ ကြိမ်ထိ ကျူးလွန်မှုဖြစ်၊ ကျူးလွန်သူ တရားခံအား AA ဖမ်းဆီးစစ်ဆေးနေ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၁၆ ရက်

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် တောင်ပုက္ကေကျေးရွာတွင် လေဖြတ်ဝေဒနာ နှင့် စိတ်မနှံ့ ဝေဒနာ ခံစားနေရသူ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက တိတ်တဆိတ် မုဒိမ်းကျင့်မှု ၄ ကြိမ်ထိရှိ​ခဲ့ပြီး ကျူးလွန်သူတရားခံကို ရက္ခိုင့်တပ်တော် AA က ယနေ့တွင်ဖမ်းဆီးသွားကြောင်း သိရသည်။

သားမယားပြုကျင့်ခံရသူသည် ပေါက်တောမြို့နယ် တောင်ပုက္ကေကျေးရွာမှ အဖဦးအမဲ၏ သမီး အသက် ၃၅ နှစ်အရွယ်ဒေါ် ( **** )ဖြစ်ပြီးကလေး ၂ ဦးရှိကြောင်း သိရသည်။

၎င်းသည် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ဦးသန်းဝင်းဆိုသူသည် ၎င်းအိမ်ပေါ်သို့တက်၍ သားမယားပြုကျင့်ခဲ့သည်ဟု ယူဆရပြီး ၎င်းနေအိမ်မှ ဆင်းလာစဥ် အနီးရှိအိမ်က ဓာတ်မီးထိုးကြည့်ချိန်တွင် အဝတ်ဗလာဖြင့် မြင်တွေ့လိုက်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ABN သို့ပြောသည်။

“ည ၈ နာရီလောက်မှာပါ၊ သူကအိမ်ပေါ်ကိုတက်သွားပြီး သားမယားပြုကျင့်တာလားဆိုတာကို မသိဘူး၊ ကျမလည်း ကိုယ်လက်သန့်စင်ဖို့သွားတယ်၊ ဓာတ်မီးထိုးကြည့်လိုက်တော့ သူ့ကို အဝတ်ဗလာနဲ့တွေ့ပါတယ်” ဟု ဆိုသည်။

ကျူးလွန်သူသည် တစ်ရွာတည်းနေဖြစ်သည့် အဖ ဦးချစ်စောထွန်း၏သား အသက် ၄၄ နှစ်အရွယ် ဦးသန်းဝင်းဖြစ်ပြီး ၎င်းတွင်လည်းတရားဝင် ဇနီးရှိကြောင်း သိရသည်။

၎င်းသည် သူမအိမ်ပေါ်သို့တက်၍ ပါးစပ်ပိတ်ပြီး တိတ်တဆိတ် သားမယားပြုကျင့်မှု ၄ ကြိမ်ထိရှိခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က စကားပလုံးပထွေးဖြင့် မိသားစုဝင်များကို ပြောကြောင်း သိရသည်။

မုဒိမ်းမှုကျူးလွန်ခဲ့သည့် မိသားစုအသိုင်းအဝိုင်းမှ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိသည့်အတွက် ကျူးလွမ်သူအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း မုဒိမ်းမှုကျူးလွန်ခံရသည့် မိသားစုက ရက္ခိုင့်တပ်တော်အား တောင်းဆိုလိုကြောင်း ပြောသည်။

၎င်းအမှုနှင့်ပတ်သက်၍ အောက်တိုဘာလ ၁၂ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်တန်းမှုရှိခဲ့ရာ နှစ်ဦးနှစ်ဖက်ခေါ်ယူပြီး စစ်ဆေးမှုတစ်ချို့ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခဲ့ခြင်းမရှိသည့်အတွက်၊ ရက္ခိုင့်တပ်တော် နယ်မြေရုံးသို့တိုင်တန်းခဲ့ရာ တပ်ဖွဲ့ဝင်များက တရားခံကို ယနေ့ ၁၁ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

မုဒိမ်းမှုကျူးလွန်ခဲ့သည့် တရားခံအား လက်ရှိတွင် စစ်ဆေးလျက်ရှိနေပြီး မျက်မြင်သက်သေများကိုမူ AB News က သတင်းယူနေစဥ်အတွင်း မစစ်ဆေးရသေးကြောင်း သက်ဆိုင် ဒေသ နယ်မြေရုံးမှ တာဝန်ရှိသူက ပြောသည်။

“စစ်ဆေးတုန်းပဲရှိပါသေးတယ်၊ မျက်မြင်သက်သေတွေကိုတော့ မစစ်ဆေးရသေးဘူး၊ မုဒိမ်းမှုကျူးလွန်တဲ့သူကိုတော့ ကျနော်တို့စစ်ဆေးနေတာတော့ရှိပါတယ် “ဟု ဆိုသည်။

အလားတူ ပေါက်တောမြို့နယ် ငရီချိုင်ရွာတွင် မသန်စွမ်း လေဖြတ်နေသည့် အမျိုးသမီးတစ်ဦးအား ညွန့်တိန်မောင်ဆိုသူက သူမနေအိမ်သို့တက်ပြီး အဓမ္မမုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည့်အတွက် AA က ယမန်နေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လအတွင်းက ရသေ့တောင်မြို့နယ်မှ အသက် ၉ နှစ်အရွယ်ကလေးငယ် တစ်ဦးအား မောင်နှမဝမ်းကွဲတော်စပ်သူ ရန်ထန်ရှိန်ဆိုသူက တိတ်တဆိတ် မုဒိမ်းကျူးလွန်သည့် အမှုကို ရက္ခိုင့်တပ်တော်မှ ခံဝန်ကတိဖြင့်လွှတ်ပေးခဲ့သော်လည်း အောက်တိုဘာလ ၅ ရက်နေ့တွင် တပ်ဖွဲ့ဝင်များက ကျူးလွန်သူကို သွားရောက်ဖမ်းဆီးခဲ့ကာ ​အရေးယူဆောင်ရွက်လျက်ရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ