Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်တွင် ရက္ခိုင့်တပ်တော်နှင့် စကစ တိုတိုက်ပွဲ ဖြစ်၊ တောင်ဖူးရွာကို စစ်ကောင်စီအဖွဲ့ မီးရှို့

ပေါက်တောနယ်တွင် ရက္ခိုင့်တပ်တော်နှင့် စကစ တိုတိုက်ပွဲ ဖြစ်၊ တောင်ဖူးရွာကို စစ်ကောင်စီအဖွဲ့ မီးရှို့

AB News – ဇန်နဝါရီ ၁၁ ၊ ၂၀၂၄

ရက္ခိုင်ပြည် ပေါက်တောမြိုနယ် တောင်းဖူးကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စကစ အဖွဲတို တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တောင်းဖူးရွာသို စစ်ကောင်စီအဖွဲ ဝင်ရောက်ကာ မီးရှိခဲ့ကြောင်း  AB News က စုံစမ်းသိရှိရသည်။

 ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက စစ်တွေဘက်မှ ပေါက်တောဖက်သို နေဗီ ၄ စီးဖြင့် စစ်ကူလာချိန် ရက္ခိုင့်တပ်တော်က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ညနေ ၄ နာရီမှ ယနေ့ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအထိ ညလုံးပေါက် ၂ ဖက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီအဖွဲဝင်အချိုသေဆုံးပြီးနောက် နံနက် ၁၀ နာရီခန့်တွင် နေဗီ ၄ စီးဖြင့်လာရောက်ပြီး ရွာထဲသိုဝင်ရောက်ကာ မီး ရှိ သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သိုပြောသည်။

“သူတိုက နေဗီ ၄ စီးနဲ့ ရွာအနားကို ဝင်လာတယ်၊ ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှိသွားတယ်၊ အိမ်တွေအများကြီး မီးလောင်နေတာ တွေ့ခဲ့တယ်၊ ကျမတိုလည်း ပြေးနေရတယ်” ဟု ဆိုသည်။

ထိုအပြင် စကစ တပ်ဖွဲဝင်များသည် သဝင်ချောင်းရွာဖက်သို စစ်ကြောင်း ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများပြောပြချက် အရ သိရသည်။

တောင်ဖူးအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် စစ်တွေ မြိုအခြေစိုက် အမှတ် ၁၂ ရဲစခန်းမှ လက်နက်ကြီး လက်နက်ငယ် တရစပ် လှမ်းပစ်ခဲ့ရာ ယင်းရွာသို ကျရောက်ပေါက်ကွဲမှုကြောင့်လည်း နေအိမ်အချို ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းရွာတွင် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိပြီး အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းသွားပြီ ဖြစ်ကြောင်းသိရသည်။

တောင်းဖူးရွာသားများမှာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

တောင်းဖူးရွာသည် စကစ ရေတပ်နေဗီများ အဝင်အထွက်သွားလာရာတွင် အဓိက ပစ်မှတ်ထားတည်ရှိရာ ရွာလည်း ဖြစ်သည်။

အလားတူ ရာမောင်တံတား ဘယ်ဘက်ခြမ်းတွင်ရှိသော သင်္ချိုင်းတောင်ကုန်းမှ လက်နက်ကြီးများဖြင့် လှမ်းပစ်ပြီး တောင်တိုက်ရွာမီးလောင် သွားခဲ့ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ