Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်တွင် မသန်စွမ်း လေဖြတ်နေသည့်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်သူကို AA ဖမ်းဆီးထား

ပေါက်တောနယ်တွင် မသန်စွမ်း လေဖြတ်နေသည့်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်သူကို AA ဖမ်းဆီးထား

AB News- ဟိန်းထွန်း

အောက်တိုဘာ ၁၆ ရက်

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ကျောက်မြောင်းအုပ်စု ငရီချိုင်ကျေးရွာတွင် အောက်တိုဘာလ ၁၄ ရက်နေ့၌ အမျိုးသားတစ်ဦးက မသန်စွမ်းလေဖြတ်နေသည့် အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့်အတွက် ကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ( ULA/AA) မှ ဖမ်းဆီးထားကြောင်း သိရသည်။

မုဒိမ်းမှု ကျူးလွန်သူသည် ပေါက်တောမြို့နယ် ဖဒူအလယ်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးညွန့်တိန်မောင်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ညဥ့် ၈ နာရီအချိန်တွင် အဖ ဦးယဥ်စိန်မြအိမ်၌ အယပ်တွဲပြီးနေထိုင်သည့် သမီးဖြစ်သူဒေါ် (*)သည် အိပ်ရာထဲတွင်အိပ်နေစဥ် ညွန့်တိန်မောင်က ၎င်းနေအိမ်၏အယပ်ပေါ်သို့တက်လာက “နင့်ကိုငါယူမယ် “ဟုဆိုပြီး မုဒိန်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူမက သူ့အဖရဲ့အိမ်မှာ အယပ်တွဲ ပြီးနေပါတယ်၊ သူမကအိပ်ရာမှာ အိပ်နေတဲ့အချိန်မှာ ညွန့်တိန်မောင်က ခေါင်မိုးပေါ်တက်ပြီးဝင်သွားတယ်၊ ပြီးတော့ နင့်ကိုငါယူမယ်လို့ ပြောရင်း မုဒိမ်းကျင့်ပါတယ် “ဟု ဆိုသည်။

ယင်းနေ့တွင် မိသားစုများလည်း အိပ်နေသည့်အတွက် ကျူးလွန်သူကိုမသိလိုက်ပဲ အိမ်နီးနားချင်းက မြင်၍သိရကြောင်း အစ်မဖြစ်သူကပြောသည်။

ကျူးလွန်ခြင်းခံရသည့် အသက် ၇၀ ကျော်အရွယ် အဖဦးယဥ်စိန်မြ၏ သမီး အသက် ၂၈ နှစ်အရွယ် ဒေါ်( …….) တွင် သမီး ၃ ယောက်ရှိပြီး ငရီချိုင်ကျေးရွာတွင်​နေထိုင်ကာ ခင်ပွန်းဖြစ်သူသည် ကျောက်ဖြူတွင် နောက်မယားရနေကြောင်း စုံစမ်းသိရှိရသည်။

ကျူးလွန်နေစဥ်ကာလအတွင်း အိမ်နီးပါးချင်းနေထိုင်သည့် ခင်သန်းနုက ကွမ်းသွားတောင်းစားချိန် အသံတိတ်ဆိတ်နေသည့်အတွက် သူမ၏တံခါးကိုသွားဖွင့်ကြည့်ရာတွင် ညွန့်​တိန်မောင်က မုဒိမ်းကျင့်နေသည်ကို မြင်ခဲ့သည်။ ၎င်းလည်း အိမ်ခေါင်မိုးပေါ်က ဆင်းပြေးသွားခဲ့ကြောင်း သိရသည်။

ကျူးလွန်ခြင်းခံရသည့်အမျိုးသမီးမှာ မသန်စွမ်းသူဖြစ်သည့်အပြင် လေဖြတ်နေသည့် ဝေဒနာခံစားနေရသူဖြစ်ပြီး ၎င်း၏သားသမီးများကို အလှူခံ၍ ရှာကျွေးနေရသူဖြစ်ကြောင်း ငရီချိုင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူကမသန်စွမ်းသူလည်းဖြစ်တယ်၊ လေဖြတ်နေတဲ့ဝေဒနာလည်းခံစားနေရပါတယ်၊ သားသမီးတွေကို အလှူခံပြီးရှာကျွေးနေတာပါ၊ အခုလိုလုပ်တာက တရားလွန်တယ် “ဟု ဆိုသည်။

တရားခံ​ကို ပေါက်တော်မြို့နယ်ရှိ ရက္ခိုင့်တပ်တော် ရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ည ၆ နာရီကျော်လောက်တွင် အိမ်တိုင်လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းသည် ငရီချိုင်ကျေးရွာနေ အစ်ကိုဖြစ်သူနေအိမ်သို့ အလည်အပတ်ရောက်နေကြောင်း၊ မြစ်၊ချောင်းများတွင် ကွန်ပစ်ရှာစားနေခြင်းများတွေ့​ရှိရကြောင်းဒေသခံများပြောပြချက်အရ သိရသည်။

၎င်းအမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန်အတွက် ရက္ခိုင့်တပ်တော်မှ ထိထိရောက်ရောက်ဆောင်ရွက်စေလိုကြောင်း မိသားစုဝင်များက တောင်းဆိုထားကြောင်း သိရသည်။

ငရီချိုင်ရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် စက်လှေ၊ ဘုတ် များကိုအသုံးပြုသွားလာနေရသည့် ဒေသဖြစ်သည့်အပြင် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေမှုရှိသည့်အတွက် သတင်းပေးပို့ရာတွင် အခက်အခဲတွေ့ရကြောင်း ဒေသခံများကဆိုသည်။

ဓာတ်ပုံ-မုဒိမ်းမှုကျူးလွန်သူတရားခံ ညွန့်တိန်မောင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ