Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား စစ်တွေစစ်ကောင်စီမှလက်နက် ကြီးလှမ်းကူပစ်ပေးနေ

ပေါက်တောတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား စစ်တွေစစ်ကောင်စီမှလက်နက် ကြီးလှမ်းကူပစ်ပေးနေ

AB News – ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီသည် စစ်တွေဖက်မှလက်နက်ကြီး လှမ်းကူပစ်ပေးနေကြောင်း AB News မှ ထောက်လှမ်းသိရှိရသည်။

ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့သည် ယနေ့ ဒီဇင်ဘာ ၁၄ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းမှ ပေါက်တောမြို့သို့ လက်နက်ကြီး များဖြင့် လှမ်းပစ်ကူပေးနေကြောင်း ရက္ခိုင့်တပ်တော်ကလည်း ထုတ်ပြန် ပြောဆိုထားသည်။

ထို့အပြင် စစ်တွေ ဒေသခံများကလည်း စစ်ကောင်စီ၏ စစ်တွေအမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ပစ်ကူများ ပစ်ပေးနေကြောင်း ပြောသည်။

” ပေါက်တောမှာတိုက်ပွဲ ဖြစ်နေပါတယ်၊ စစ်တွေဖက်ကလက်နက်ကြီး လှမ်းကူပစ်ပေးတာ ၆ လုံးရှိသွားပြီ၊ ပြည်သူတွေလည်း တိတ်ဆိတ်နေကြပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီရေတပ်နေဗီသည် ပေါက်တောမြစ်အနီးသို့ ကပ်လာနေခြင်းကြောင့် စစ်တွေမှ လက်နက်ကြီး ပစ်ကူပေးနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ပေါက်တောတွင် ၂ ဖက်တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ဇီးချိုမော်၊ တောင်ချောင်၊ တောင်းဖူး၊ မင်းဘာ၊ သဝင်ချောင်း၊ မြင့်ဂါ၊ ရီပဒေ၊ တောင်ညို၊ အဝကန် အပါအဝင် တစ်ခြားရွာများမှလည်း ပြည်သူများ သောင်းနှင့်ချီ စစ်ဘေးရှောင်နေရသည်ဟု ဒေသခံများ ပြောပြချက် အရ သိရသည်။

လက်နက်ချက် အညံ့မခံသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံ​ပြီး လက်တုန့်ပြန်လျက်ရှိကြောင်း AAက ပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ