သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေ

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိရသည်။

ယန့ည ၇ နာရီခန့်က စစ်ကောင်စီ ရေတပ်နေဗီ မှ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေပြီး ဒရုန်းများဖြင့် ကင်းထောက်ခြင်းများလည်း ပြုလုပ်နေသည့်အတွက် အနီးအနားရှိ ရွာသားများမှာ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ် ၊ ဒရုန်းတွေလည်း ပျံဝဲနေတယ်၊ မြို့ထဲမှာ ကျည်သံတွေ ဆူညံနေတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ဖက်မှ တိုက်ပွဲအတွင်း အသေအပျောက်များနေ၍ စစ်တွေမြို့အခြေစိုက် ကန်တော်ကြီး အမှတ် ၁၂ တပ်ရင်းမှ ပေါက်တောသို့လက်နက်ကြီး လှမ်းကူများ အဆက်မပြတ် ပစ်ပေးနေကြောင်း စစ်တွေ ဒေသခံများက ပြောသည်။

ပေါက်တောမြို့ရှိ ပိတ်မိ၍ ကျန်နေသည့် ပြည်သူ အချို့ကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၈ နေ့က ဘေးကင်းစွာ တတိယ အသုတ်အဖြစ် ကယ်ထုတ်နိုင်ခဲ့သည်ဟု AA ပြန်ကြားရေးမှ ယနေ့တွင် ရုပ်သံဖြင့် ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်၏ ရက္ခိုင်ပြည်တွင်း စစ်ဆင်ရေးသည် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၁၂၇ စစ်ဆေးရေးဖြစ်ပြီး အာဏာရှင် အမြတ်ပြတ်ချေမှုန်းရေးသည် ၎င်းတို့အဖွဲ့၏ ရည်မှန်းချက်ဖြစ်သည်။

ဓာတ်ပုံ-ပေါက်တောမြို့တွင် ရက်ရှည် ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်ရန် ရက္ခိုင့်တပ်တော်က စစ်ကောင်စီအဖွဲ့အား ရှင်းလင်းနေစဥ်/AAInfoDesk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ