Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ၊ စကစ ဖက်မှ သေဆုံးသူ ၇၀ ကျော်ခန့်ရှိ

AB News – နိုဝင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စကစဖက်မှ အသေအပျောက် ၇၀ ကျော်ခန့်ရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ရက္ခိုင့်တပ်တော် AAသည် ယမန်နေ့ နေ့လည် ၁၂ နာရီ ၂ မိနစ်က စကစ တပ်စွဲနေရာယူထားသည့် အနီးတစ်ဝိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဟန်း၊ သံဃာအပါအဝင် ၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၀၀ နီးပါးအား ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်မှ ယမန်နေ့ည ၉ နာရီ ၃၈ မိနစ်က ရုပ်သံနှင့်တကွထုတ်ပြန်ခဲ့သည်။

AA ၏ ရုပ်သံထုတ်ပြန်ချက်ပါ လူဦးရေ အရေအတွက်အား ရေတွက်ရာ ၁၆၀ ကျော်ပါရှိသည်ကို AB News ကတွေ့ရသည်။

Arakan Bay News မှ သီးသန့်ထောက်လှမ်းစုံစမ်းချက်အရ စစ်ကောင်စီတပ်သား ၉၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော်ဖက်မှလည်း တိုက်ခိုက်ရေး ရဲဘော်အချို့ ရက္ခိုင့်ပြည်နှင့် ရက္ခိုင်လူမျိုးအတွက် အသက်စွန့်ခဲ့ရ ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်တော် AA မှထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စကစ တပ်ဖွဲ့ဝင် ၃၀ ကျော်ခန့် လက်နက်ချ အလင်းဝင်ခဲ့ပြီး အချို့မှာ မြစ်ချောင်းများသို့ ခုန်ဆင်းခြင်း နေဗီပေါ်သို့ ထွက်ပြေးသည်များလည်းရှိကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသော ဓါးစာခံဖြစ်နေသည့်ပြည်သူများအား အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် တပ်တော်မှ ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်ဟု AA ကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ပေါက်တောမြို့ကို AA သိမ်းပိုက်ပြီးနောက် အထိနာနေသည့် စကစ တပ်ဖွဲ့ဝင်များသည် လေတပ်၊ ရေတပ်တို့ကို အသုံးပြုပြီး ဝေဟင်နှင့် ရေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ခဲ့ခြင်း၊ ပြည်သူများအား ဗုံးကြဲချခြင်းများပြုလုပ်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်။

ယမန်နေ့ကလည်း ပေါက်တောမြို့၌ တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း စကစ၏ စစ်တွေမြို့အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီး အလုံးရေ ၄ဝ ကျော်ထက်မနည်း လှမ်းကူပစ်ပေးခဲ့သည်ကို တွေ့ ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ