Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် စစ်ကောင်စီတပ်အား AA ထိုးစစ်ဆင် ဝင်တိုက်နေဟုသိရ

AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA သည် ယနေ့နိုဝင်ဘာ ၂၁ရက်နေ့ မနက်ပိုင်း ၁၁ နာရီကျော်က ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး၂ ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

” AA ကစပြီးဝင်တိုက်တယ်။ ၂ ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်။ ရဟတ်ယာဥ်တွေကလည်း လှမ်းပစ်နေတယ်” ဟု ဆိုသည်။

ပေါက်တောမြို့ အနီးရှိ စကစ ရေတပ်နေဗီမှ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေသလို လေကြောင်းမှလည်း ရဟတ်ယာဥ်ဖြင့် ပစ်ကူပေးနေသည်ဟု သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကြည်း၊ ရေ၊ လေ အသုံးပြုကာ ပေါက်တောမြို့အား နိုဝင်ဘာလ ၁၆ ရက်နေ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်စဥ် လောကထိပ်ပန် ဘုရားတောင်အောက်ရှိ အလှူခံဌာနအဆောင်အောက်ထပ်တွင် ပုန်းခေါ်နေကြသည့် ပြည်သူများအား ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူများရှိပြီး၊ ရပ်ကွက်တွင်းရှိ နေအိမ်များထဲ ဝင်ရောက် ပစ်သတ်ခံခဲ့ရသူများလည်း ရှိကြောင်း သိရသည်။

ထို့အပြင် နေအိမ်များအတွင်း သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်စဥ်တွင်လည်း “ငါလိုးမသား AA တွေ၊ ငါတို့လာရင် ကြောက်လို့ ထွက်ပြေးတယ်။ မင်းတို့ AA တွေအကုန်ပစ်သတ်မယ်” စသည်ဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုကြောင်း ကိုယ်တိုင်ကြားခဲ့ရသည့် ထွက်ပြေးလွတ်မြောက်လာသူက AB News သို့ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဥ်သည် ပေါက်တောမြို့ပေါ်မှ ပျံဝဲ ပစ်ခတ်နေပြီး ရေတပ်နေဗီမှ လှမ်းပစ်နေကာ မြို့တွင်းလမ်းများကိုလည်း ပိတ်ပင်ထားကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ