Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် စစ်ကောင်စီရဟတ်ယာဥ်ပေါ်မှ ပစ်ခတ်ခဲ့သည့် ကျည်ထိမှန်၍ လူငယ် ၁ ဦး ဒဏ်ရာရ

AB News-နိုဝင်ဘာ ၁၆၊ ၂၀၂၃

ယနေ့မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က ပေါက်တောမြို့ကို ရဟတ်ယာဥ် ၃ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ၁၀ ကျော်သက်အရွယ် လူငယ် တစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။

ရက္ခိုင်ပြည် ပေါက်တောမြို့ရှိ မြို့မရဲစခန်းအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရဟတ်ယာဥ် ၃ စီးဖြင့် စစ်ကောင်စီက စက်သေနတ်များဖြင့် ပစ်ချခဲ့ခြင်းဖြစ်သည်။

ကျည်ထိသွားသည့် လူငယ်တွင် ဘယ်ဖက်နား အထက်ဖက် ခေါင်းတွင် တစ်ချက်နှင့် ရင်ဘတွင် တစ်ချက် ကျဥ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက AB News သို့ သတင်းပေးပို့လာသည်။

အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီ၏ နေဗီအကြီး ၁ စီးသည် ယနေ့ မနက်က စစ်တွေဖက်မှ ပေါက်တောမြိုဖက်သို့ တက်လာနေကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ