Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ABN – ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ရက်နေ့သို့ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

တရားစွဲဆိုခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော် AAက မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲဝင် (စရဖ) ၃ဦးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ဇွန်လ ၂၂ ရက်နေ့တွင် ၎င်းတို့ ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၆ရက်နေ့က နောက်ထပ်ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခံထားရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးတရားစွဲဆိုခြင်းမှာ စစ်ကောင်စီတပ်က မတရား ပြုလုပ်ခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် AA ကို ဆက်သွယ် ထောက်ပံ့နိုင်ခြင်းလည်း မရှိကြောင်း ဦးကိုကိုညွန့်၏ ဖခင်ဖြစ်သူက ပြောသည်။

“သူတို့ကမတရားဖမ်းဆီးပြီး ၅၀၅(က)နဲ့ ပထမအကြိမ် တရားစွဲတယ်၊ နောက်တခါ ၁၇(၁)နဲ့ထပ်တရားစွဲတာ ကျွန်တော့်သားက AAကလူတွေနှင့်ဆက်သွယ်တာ ထောက်ပံ့တာမရှိဘူး၊ မတရားဖမ်းဆီးခံရတာပါ”ဟု ဦးကိုကိုညွန့်ဖခင်က ABNကိုပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က ရုံးထုတ်ရာတွင် ဦးပြည့်စုံဝင်းနှင့် ဦးကျော်ဝင်းလှိုင်တို့ ၂ ဦးကိုသာ စစ်ဆေးခဲ့ပြီး အမှု ကို ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု ကိုပြည့်စုံ၀င်းဇနီးဖြစ်သူက ပြောသည်။

“မနေ့က ၁၇ (၁) စွဲချက်ကိုစစ်တာပါ၊ စစ်ကောင်စီဖက်က စစ်သား ၂ ဦးကို စစ်ဆေးတယ်၊ ကိုကျော်ဝင်းလှိုင်နှင့် ကျမယောင်္ကျားကို စစ်ဆေးပြီးတော့ နောက်ထပ်မစစ်ဆေးတော့ဘဲ တရားသူကြီးက ဖေဖော်ဝါရီလ၂၁ရက်နေ့ကို ထပ်ရုံးချိန်းလိုက်ပါတယ် “ဟု ကိုပြည့်စုံဝင်းဇနီး ဒေါ်လှဘုက ABNကို ပြောဆိုသည်။

မိသားစုများမှာ နေ့စားအလုပ်သမားများဖြစ်ကြသည့်အတွက် ရှေ့နေငှားရမ်းရန် ငွေကြေးမရှိသည့်အပြင် အိမ်ရှင်ယောင်္ကျားများ အဖမ်းခံထားရသည့်အတွက် စားဝတ်နေရေးပါ အခက်အခဲတွေ့နေရကြောင်း သိရသည်။

ဓာတ်ပုံ-Arakan Princess Media

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ