Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်

ABN-ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုကို ဇန်နဝါရီ၂၄ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၇ရက်နေ့သို့ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

တရားစွဲဆိုခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ကိုပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော် AAက မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ၃ဦးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ဇွန်လ ၂၂ ရက်နေ့တွင် ၎င်းတို့ ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၆ရက်နေ့က နောက်ထပ်ပုဒ်မ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခံထားရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခြင်း တရားစွဲဆိုခြင်းမှာ စစ်ကောင်စီတပ်က မတရား ပြုလုပ်ခြင်းသာဖြစ်ပြီး ၎င်းတို့ အနေဖြင့် AA ကို ဆက်သွယ် ထောက်ပံ့နိုင်ခြင်းလည်း မရှိကြောင်း ကိုကိုညွန့်၏ ဖခင်ဖြစ်သူက ပြောသည်။

“သူတို့က ကျနော့်သားကို မတရားဖမ်းဆီးပြီး ၅၀၅(က)နဲ့တရားစွဲတယ်၊ AAကလူတွေနှင့်ဆက်သွယ်တယ် ၊ AAကလူတွေကို ထောက်ပံ့တယ်ဆိုပြီး ပုဒ်မ၁၇(က)နှင့် ထပ်စွပ်စွဲထားတာလေ၊ ကျွန်တော်တို့ကဆင်းရဲတယ် အဲလိုဆက်သွယ်ပြီး မထောက်ပံ့နိုင်သလို ဆက်သွယ်တာတွေလည်း ကျနော့သားမှာမရှိပါဘူး”ဟု ကိုကိုညွန့်ဖခင်က ABN ကို ပြောဆိုသည်။

ယမန်နေ့က ရုံးထုတ်တွင် ကိုကိုညွန့်နှင့် ကိုကျော်ဝင်လှိုင်တို့ ၂ ဦးကိုသာ စစ်ဆေးခဲ့ပြီး ကိုပြည်စုံဝင်း၏ အမှုကိုမူ မစစ်ဆေးဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ကိုပြည်စုံဝင်း၏ ဇနီးဖြစ်သူက ပြောသည်။

“အမှုကနှစ်မှုပါ၊ မနေ့ကစစ်တာမှာ သူတို့ဖက်ကစစ်သားတွေနှင့် တရားခံနှစ်ယောက်ဘဲ စစ်ဆေးတာြပီးလိုက်တယ်၊ ကျမယောင်္ကျားကိုမစစ်ဆေးလိုက်ရသေးဘူး၊တရားသူကြီးက ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ထပ်ရုံးချိန်းလိုက်ပါတယ် “ဟု ကိုပြည့်စုံဝင်း ဇနီး မလှဘုကABN ကိုပြောဆိုသည်။

မိသားစုများမှာ နေ့စား အလုပ်သမားများဖြစ်ကြသည့်အတွက် ၎င်းတို့အမှုအတွက် ရှေ့နေငှားရန် ငွေကြေး မရှိသည့်အပြင် အိမ်ရှင်ယောက်ျားများ အဖမ်းခံထားရသည့်အတွက် စားဝတ်နေရေးပါ အခက်အခဲတွေ့နေရကြောင်း သိရသည်။

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ