Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာ

ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာ

ABN-မေအိအိအောင်

သြဂုတ် ၄ ရက်

စစ်ကောင်စီက ပုဒ်မ ၂ ခုဖြင့်တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာမှ ဆန်စက်ပိုင်ရှင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များကပြောသည်။

အဆိုပါ ဆန်စက်ပိုင်ရှင်ဦးလှမောင်သန်းမှာ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာဖြင့် စစ်တွေမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း ဇနီးဖြစ်သူက ပြောသည်။

“သြဂုတ်လ ၂ ရက်နေ့ကပါ။ အဲ့နေ့ညနေ ၆ နာရီကျော်မှာ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာခဲ့တာပါ။ သူကတော့ နေတော့သိပ်မကောင်းဘူး” ဟုပြောသည်။

ဦးလှမောင်သန်းမှာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ၁၇ (၁)နှင့် စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခံထားရသူဖြစ်သည်။

ဦးလှမောင်သန်းကို ပြီးခဲ့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ စစ်ကောင်စီ၏ ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးက ဦးလှမောင်သန်းနှင့် ၎င်း၏အဖော်ဖြစ်သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့်လွတ်မြောက်လာသော်လည်း ၎င်၏အဖော်ဖြစ်သူ ကိုမောင်သက်စိုးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါကြောင်းစုံစမ်းသိရှိရသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံခဲ့ရသူများမှာ ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး တရားစွဲခံခဲ့ရသူများဖြစ်ပြီး မလွတ်မြောက်သေးဘဲ အချုပ်ထောင်ထဲတွင် များစွာ ကျန်ရှိနေသေးသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ