Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီတပ်က တရားစွဲထားသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ABN-ရာဟု

စစ်ကောင်စီတပ်က ပုဒ်မ ၂ ခုဖြင့် တရားစွဲထားသည့် မြောက်ဦးဒေသခံ ၃ ဦးကို မတ်လ ၁၄ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး မတ်လ၂၁ ရက်နေ့သို့ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

တရားစွဲဆိုခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ကိုပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော် AAက မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ၃ဦးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ဇွန်လ ၂၂ ရက်နေ့တွင် ၎င်းတို့ ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စစ်ကောင်စီ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၁၆ရက်နေ့က နောက်ထပ် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခြင်း တရားစွဲဆိုခြင်းမှာ စစ်ကောင်စီတပ်က မတရား ပြုလုပ်ခြင်းသာဖြစ်သာဖြစ်ပြီး ၎င်းတို့ အနေဖြင့် AA ကို ဆက်သွယ် ထောက်ပံ့နိုင်ခြင်းလည်း မရှိကြောင်းနှင့် ယမန်နေ့ ရုံးထုတ်တွင် ကိုကိုညွန့်အပါအ၀င် ၃ဦးကို ၅၀၅(က)ဖြင့်စစ်ဆေးခဲ့သည်ဟု ကိုကိုညွန့် ဖခင်ဖြစ်သူက ပြောသည်။

“သူတို့ကမတရားဖမ်းဆီးပြီး ၅၀၅(က)နဲ့ပထမတရားစွဲတယ်၊နောက်တခါ ၁၇(၁)နဲ့ထပ်တရားစွဲတာ ကျနော့သားက AAကလူတွေနှင့်ဆက်သွယ်တာ ထောက်ပံ့တာမရှိဘူး၊ ကျနော်တို့က ဆင်းရဲတယ် မတရားဖမ်းဆီးခံရတာပါ ။ဒီနေ့ ကျနော့သားအပါအဝင် ၃ဦးကို ၅၀၅ (က)နှင့်စစ်ဆေးတယ်” ဟု ကိုကိုညွန့်ဖခင်က ABNကိုပြောဆိုသည်။

ရုံးထုတ်တွင် ကိုပြည့်စုံဝင်းနှင့် ကိုကျော်ဝင်လှိုင်နှင့် ကိုကိုညွန့်တို့၃ ဦးကို စစ်ဆေးသည့်အပြင် စစ်ကောင်စီဖက်က ရဲတစ်ယောက်ကိုပါ စစ်ဆေးခဲ့ပြီး အမှုကို ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်​သည်ဟု ကိုပြည့်စုံ၀င်း၏ဇနီးဖြစ်သူက ပြောသည်။

“အမှုကနှစ်မှုပါ၊ ဒီနေ့က ၅၀၅(က)ကိုစစ်တာမှာ သူတို့ဖက်က ရဲတစ်ယောက်၊ ကိုကျော်ဝင်းလှိုင် ၊ကိုကိုညွန့်နှင့် ကျမယောက်ျား ၃ယောက်ကိုပါ စစ်ဆေးပြီးလိုက်တယ်။ တရားသူကြီးက မတ်လ ၂၁ရက်နေ့သို့ ထပ်ရုံးချိန်းလိုက်ပါတယ်“ ဟု ကိုပြည့်စုံဝင်း၏ ဇနီး မလှဘုကABN ကိုပြောဆိုသည်။

အမှုမှာ ၈လကျော်ကြာမြင့်လာပြီး မိသားစုများမှာ နေ့စား အလုပ်သမားများ ဖြစ်သည့်အတွက် ၎င်းတို့အမှုအတွက် ရှေ့နေငှားရန် ငွေကြေး မရှိသည့်အပြင် အိမ်ရှင်ယောက်ျားများ အဖမ်းခံထားရသည့်အတွက် စားဝတ်နေရေးပါ အခက်အခဲတွေ့နေရကြောင်း ပြောသည်။

ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီတပ်က တရားစွဲထားသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ရုံးချိန်းထပ်မံ ရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ