Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ လက်နက်ငယ်ပစ်ခတ်သံထွက်ပေါ်

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅ဝ တပ်ရင်းမှလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ကြောင်း သတင်းရရှိသည်။

၎င်းတပ်ရင်းမှ ယနေ့ည ၇ နာရီတွင် လက်နက်ငယ် ၅ ချက်ပစ်ခတ်ခဲ့သည် ဟု ဒေသခံများကပြောသည်။

၎င်းတို့သည် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ငယ်သံ ၂ ချက်၊ ၇ နာရီ ၄၀ မိနစ်တွင် လက်နက်ငယ်သံ ၃ ချက်ပစ်ခတ်သံ ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။

၎င်းတို့သည် မည်သည့်ဖက်ကို ပစ်ခတ်နေကြောင်းမသိရှိဘဲ ပြည်သူများလည်းတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြရကြောင်း ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက AB News သို့ပြောသည်။

“လက်နယ်ငယ်တော့ ၅ ချက်ရှိပါပြီ ၊ ဘယ်ဖက်ပစ်တာလဲတော့မသိဘူး၊ ပြည်သူတွေ စိုးရိမ်နေကြတယ် ” ဟု ဆိုသည်။

ယနေ့ညနေ ၄ နာရီဝန်းကျင်တွင် စကစတပ်ဖွဲ့ဝင်များသည် အပြင်ထွက်လိုက် အထဲဝင်လိုက် လုပ်နေကြကြောင်း တွေ့ရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူများကို ပစ်မှတ်ထား၍ ပစ်ခတ်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ