Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရာ ကျည်မပေါက်ဟု သိရ

AB News -ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

ပုဏ္ဏားကျွန်းမြို့တောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် ၅၅၀ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်စမ်းသပ်ပစ်ခတ်ရာ ကျည်မပေါက် ဟု သိရသည်။

စကစ ၅၅၀ တပ်ရင်းမှ ယနေ့ မနက်ပိုင်း ၁၀ နာရီကျော်မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်မပေါက်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” လက်နက်ကြီးတော့ ပစ်သံကြားပါတယ်၊ အသံကမအောင်တာလားမသိဘူး၊ မပေါက်လို့ပြောသံကြားပါတယ်၊ အသံတိုးတိုးလေးပဲ ကြားလိုက်ရပါတယ် ” ဟု ဆိုသည်။

၎င်းတို့သည် မနက် ၁ဝ နာရီကျော်တွင် တစ်ပြိုင်နက် လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့သော်လည်း အသံအနည်းငယ်သာကြားရသည်ဟု ဒေသခံများက ပြောသည်။

၎င်းတို့လက်နက်ကြီး စမ်းသပ်ပစ်ခတ်သည်ကို မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် အနီးအနားရှိ ကျေးရွာများမှလည်း မကြားလိုက်ကြောင်း သိရသည်။

စကစ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီး စမ်းသပ်ပစ်ခတ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျောက်ဆိပ်ကျေးအုပ်ချုပ်ရေးမှု၊ လက်ဝဲစာတိုက်အုပ်ရေးမှူးနှင့် သာစည်အုပ်ချုပ်ရေးမှူးအပါအဝင် မြို့ပေါ် ၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့အား အသိပေးခဲ့သော်လည်း တစ်ခြားအုပ်ချုပ်ရေးမှူး နှင့် ရွာသားများကို အသိမပေးခဲ့ပေ။

မည်သည့်လက်နက်ကြီးမဆို စမ်းသပ်ပစ်ခတ်ရာတွင် နယ်စပ်ဒေသ သို့မဟုတ် ပင်လယ်ပြင် သို့မဟုတ် လူမနေသည့် တောတောင်များတွင် စမ်းသပ်လေ့ကျင့်ရမည်ဖြစ်ပြီး ယခုလို လူအုပ်ထူထပ်သည့် မြို့ပေါ်များတွင် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေသည်မှာ စစ်ကောင်စီဖက်က မှားယွင်းနေကြောင်း ပြည်သူများက ဝေဖန်ထောက်ပြကြသည်။

ယနေ့တွင်လည်း မောင်တောမြို့နယ်၊ အင်းဒင်တပ်စခန်းနှင့် ကျောက်ပန်းတူ တပ်စခန်းတို့မှ လက်နက်ကြီး လက်နက်ငယ် ၁၀၀ ကျော်ပစ်ခတ်သွားခဲ့သည်ဟု သိရသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီမှ လက်နက်ကြီးစမ်းသပ်လာသည့်အတွက် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနိုင်ခြေ မြင့်တက်လာကြောင်း ပြည်သူများကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ