Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ မနက်ဖြန်လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်

ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ မနက်ဖြန်လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၆ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုပေါ်တွင် အခြေချတပ်စွဲထားသည့် ၅၅၀ တပ်ရင်းမှ မနက်ဖြန် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လက်နက်ကြီးစမ်းသပ်ပစ်ခတ်သွားမည်ဖြစ်ကြောင်း ပြည်သူများကပြောသည်။

လက်နက်ကြီးပစ်ခေတ်မှုကို အောက်တိုဘာ ၂၇ရက်နေ့ မနက်ပိုင်း ၆ နာရီမှ ည၆ နာရီအထိ တစ်ရက်လုံးပစ်ခတ်စမ်းသပ်သွားမည်ဖြစ်ဟု ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှုး တစ်ဦးက ပြောသည်။

“ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးကခေါ်ပြီးပြောပါတယ်၊ သောကြာနေ့ မနက် ၆ နာရီက စလို့ ည၆ နာရီထိ ပစ်မယ်လို့ပြောပါတယ်” ဟုဆိုသည်။

လက်နက်ကြီးစမ်းသပ်ခတ်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျောက်ဆိပ်အုပ်ချုပ်ရေးမှူး၊ သာစည်အုပ်ချုပ်ရေးမှူး၊ လက်ဝဲစာတိုက်အုပ်ချုပ်ရေးမှူး၊ မြို့ပေါ် ၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ၄ ဦး

တို့ကို အောက်တိုဘာလ ၂၅ ရက်နေ့က ခေါ်ယူပြီး အသိပေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၁၂ ရီထိုးလျှင် ပုဏ္ဏားကျွန်းကားလမ်းတစ်လျှောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သွားလာခွင့်မရှိဟု သတိပေးထားပြီး မနက်ပိုင်း ၄ နာရီမှစပြီး သွားခွင့်ပြုမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီး မည်သည့်ဖက်ကို ဦးတည်၍စမ်းသပ်ပစ်ခတ်သွားမည်ကို တိတိကျကျ မသိရှိရသည့်အတွက် မြို့ပေါ်ရှိ ပြည်သူလူထု များနှင့် ရွာများတွင်နေထိုင်သည့်ပြည်သူများ အထိတ်တလန့် စိုးရိမ်နေကြောင်း သိရသည်။

တစ်စုံတစ်ရာအနှောင့်အယှက်မရှိဘဲ စကစမှ လက်နက်ကြီးပစ်ခတ်မှုများ စမ်းသပ်ခြင်း၊ နယ်စပ်ဒေသမဟုတ် လူအုပ်စုထဲတွင်ဖြစ်နေ၍ ပြည်သူများ စိုးရိမ်နေကြကြောင်း ပုဏ္ဏားကျွန်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“မြို့ပေါ်ကပြည်သူတစ်ချို့စိုးရိမ်နေကြတယ်၊ တစ်စုံတစ်ရာမရှိပဲ လက်နက်ကြီးစမ်းသပ်ပစ်ခတ်တာမျိုး၊ နယ်စပ်ဒေသတွေမဟုတ်ပဲ ပြည်သူရဲ့အနီးမှာပစ်ခေတ်တာမျိုးလုပ်လာမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်” ဟု ဆိုသည်။

၅၅၀တပ်ရင်းသည် ရခိုင်ပြည်၏မြို့အလယ်ဟု ခေါ်ဆိုနိုင်သည့် ပုဏ္ဏားကျွန်းတောင်ပေါ် တွင်တည်ရှိ​ပြီးလက်နက်ကြီးကျည်ပစ်ခေတ်မှုစမ်းသပ်လာလျှင် ထိုနက်ကြီးပစ်ခတ်သံများကြောင့် နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများမှာ ထိခိုက်မှုရှိနိုင်သည်။

လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်ကို ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတိုင်းကို အသိပေးထားခြင်းမရှိဟု အမည်မဖောလိုသည့် အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ