Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ သေနတ်ပစ်ဖောက်ပြီး နွားကုန်သည်များကို ဖမ်းဆီးထား

ABN-ရှိုင်းမိုး

ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ သေနတ်ပစ်ဖောက်ပြီး နွားကုန်သည်များကို ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

ဇန်နဝါရီလ ၃၁ ရက် ညည့် ၁၁နာရီကျော်အချိန်နှင့်၂ နာရီကျော်အချိန်တို့တွင် ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ နွားကုန်သည် ဘုတ်များကို သေနတ်ပစ်ဖောက်ကာ ခေါ်ယူ ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အဖမ်းခံလိုက်ရသော နွားကုန်သည်များမှာ ကျောက်ဖြူမှ ၃ ဦး၊ အမ်းမှ ၁ ဦးနှင့် ရသေ့တောင်မြို့နယ် သမီးလှရွာမှ ၂ ဦးတို့ဖြစ်ကြပြီး နွား ၄၂ ကောင်ကိုပါ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ ဖမ်းဆီးထားသည်ဟု သိရသည်။

“ ၁၁နာရီ ၂၃ မိနစ်က ၁၀ ချက်လောက်ပစ်သံကြားလိုက်ပါတယ်၊ ညည့် ၂ နာရီကျော်အချိန်ကလည်း သေနတ်ပစ်သံတွေထပ်ကြားလိုက်ပါသေးတယ်၊ နွားဘုတ်တွေကိုလိုက်ပစ်တာလိုသိရပါတယ်၊၅၅၀ တပ်ရင်းက တပ်သားတွေပစ်တာပါ၊ ကျွန်တော်စုံစမ်းကြည့်လို့သိရတာကတော့ နွားပိုင်ရှင် ၆ ယောက်နဲ့ နွား ၄၂ကောင်ကိုဖမ်းဆီးခံထားရတယ်” ဟု ပုဏ္ဏားကျွန်း မြို့ခံတစ်ဦးမှပြောသည်။

ထိုနွားကုန်သည်များမှာ တရားဝင် ရောင်း/ဝယ်လုပ်နေခြင်း ဟုတ် မဟုတ်ကိုမူ စုံစမ်း၍ မရခဲ့ပေ။

ဘူးသီးတောင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဘူးသီးတောင်မြို့နယ် ဝါချီလာရွာ၊ ကြက်မောက်တောင်ရွာမှ နွားကုန်သည်များကိုလည်း ဖမ်းဆီးရန်ကြိုးစားနေကြောင်းသိရသည်။

ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ သေနတ်ပစ်ဖောက်ပြီး နွားကုန်သည်များကို ဖမ်းဆီးထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ