Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ဦးရာဇ်တောင်ဘုရားအနီး အင်ကြင်းတောရကျောင်းရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားတောင်အောက်ရှိ အင်ကြင်းတောရကျောင်းတွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်လျက်ရှိကျောင်း ကျောင်းထိုင်ဆရာတော်ဦးစန္ဒိမာမှ ABN ကို မိန့်ကြားသည်။

လက်ရှိတွင် ထိုအင်ကြင်းတောရကျောင်း၌ စစ်ဘေးရှောင်ဦးရေ ၁၉၉ ယောက်ရှိနေပြီး ဖုန်းဆက်သတင်းယူနေသည့် နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်တွင်လည်း စစ်ဘေးရှောင်များ ရောက်လာနေကြဆဲဖြစ်သည်။

စစ်ဘေးရှောင်များအတွက် တစ်ရက်ကို ဆန် ၂ အိတ်ကုန်ပြီး ဆန်လည်း နောက်ထပ် ၁၀ အိတ်သာကျန်တော့ကြောင်းနှင့် ဆန်အပြင် နောက်ထပ် ဟင်းစားစရာအတွက် မည်သည့်ပစ္စည်းမျှ မရှိကြောင်း ဆရာတော်မှ မိန့်ကြားသည်။

“စစ်ဘေးရှောင်တွေကတော့ အခုလည်း လာနေကြတယ်။ ဦးဇင်းမှာက ဆန်လည်း နောက်ထပ် ၅ ရက်စာလောက်ပဲ ကျန်တော့တယ်။ ဟင်းအတွက်ဆို ငရုတ်၊ ကြက်သွန်၊ဆီ၊ဆား၊ ဟင်း ဘာမှကို မရှိဘူး။ စစ်ဘေးရှောင်တွေကလည်း တနေ့ထက် တနေ့ တိုးလာနေတယ်”

ဟု အင်ကြင်းတောရ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ မိန့်ကြားသည်။

ထိုဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်ရန် ရောက်ရှိလာကြသော စစ်ဘေးရှောင်များမှာ ပဒေသာ၊ ယာချောင်း၊ အလယ်ကျွန်း၊ ရေပေါက်ချောင်းရွာများနှင့် ရေဖြူကန် စစ်ဘေးရှောင်စခန်း များမှ ဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကြည်း၊ရေ၊ လေ အင်အားသုံးပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ယခုကဲ့သို့ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ