Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် စကစမှ စစ်ဆေးရေးတင်းကျပ်လာနေ

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် စကစမှ စစ်ဆေးရေးတင်းကျပ်လာနေ

ABN-ဟိန်းထွန်း

သြဂုတ် ၂၅ ရက်

ရခိုင်ပြည်၏ အဓိကကုန်စည်စီးဆင်းရာလမ်းတစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် စစ်ကောင်စီမှ ခရီးသွားပြည်သူများကို စစ်ဆေးရေးတင်းကျပ်လာနေကြောင်း ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများနှင့် ကားသမားများကို စစ်ဆေးရေးတင်းကျပ်လာနေသည့်အပြင် သုံးဘီးများကိုလည်း သွာလာခွင့်မပေးတော့ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ABN သို့ပြောသည်။

“သူတို့တွေက ပြည်သူတွေနဲ့ ကားသမားတွေကို စစ်ဆေးရေးတွေပြုလုပ်လာနေပါတယ်၊ ပြည်တွင်းမှာသွားလာနေတာတောင် မှတ်ပုံတင်တွေပြရတယ်၊ သုံးဘီးတွေလည်း သွားခွင့်မပြုတော့ပါဘူး”ဟု ဆိုသည်။

၎င်းလမ်းသည် ရသေ့တောင်သို့ ကုန်စည်စီးဆင်းရာလမ်းဖြစ်သည့်အပြင် လမ်းတစ်လျှောက်ဘေးနားတွင်ရှိသည့် ကျေးရွားပေါင်း ၆၀ ကျော်မှ ပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နှင့်အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေရသည့်လမ်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများတင်းကျပ်စွာ ပြုလုပ်လာသည့်အတွက်ကြောင့် ကားသမားများ နှင့် ပြည်သူများမှာ အန္တရာယ်တစ်စုံတစ်ရာဖြစ်လာနိုင်ကာ ကုန်သွယ်မှုပိုင်းတွင် အခက်အခဲများလည်းဖြစ်လာနိုင်ကြောင်း ၎င်း မှဆက်၍ပြောသည်။

“အခုလိုစစ်ဆေးမှုတွေပြုလုပ်လာတာက ကားသမားတွေနဲ့ ပြည်သူတွေ အန္တရာယ်တစ်ခုခုဖြစ်လာနိုင်ပါတယ်၊ အမြဲတမ်းသွားနေရတယ်ဆိုတော့ ကုန်ယူတဲ့ခါ အခက်အခဲတွေ့နေရတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များက တင်းတင်းကျပ်ကျပ်စစ်ဆေးနေမှုပြုလုပ်လာလျှင် ပြည်သူများအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်လာနိုင်ရကြောင်း ဒေသခံများထံက သိရသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းအရှည်မှာ ၂၂ မိုင် ၆ ဖာလုံရှိပြီး ကျောက်ခင်းလမ်းအမျိုးအစားဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ