Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို မုန်တိုင်းကာလ​အတွင်းပြန်ဖွင့်၊ကားများသွားလာခွင့်ရ

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို မုန်တိုင်းကာလ​အတွင်းပြန်ဖွင့်၊ကားများသွားလာခွင့်ရ

ABN-ကိုဟိန်းထွန်း

ဇွန် ၁ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အဓိကကုန်စည်စီးဆင်းရာ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းမကြီးကို မုန်တိုင်းကာလအတွင်းက ပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရသည်။

ထိုလမ်းကိုမှီခိုပြုနေရသည့် ရွာများနှင့် ကားသမားများသည် အဆင်ပြေလွယ်ကူစွာ သွားလာခွင့်ရသော်လည်း ပြန်ပိတ်မည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ABN သို့ဖုန်းဆက်ပြောဆိုသည်။

“လမ်းတော့ဖွင့်ပါပြီ၊ ရွာသားတွေကလွယ်လွယ်ကူကူသွားလို့ရတယ်၊ ကားသမားတွေလည်းလိုင်းဆွဲရတာအဆင်ပြေပါတယ်၊ ပြန်ပိတ်မှာကိုတော့စိုးရိမ်မိပါတယ်” ဟု ဆိုသည်။

ထိုလမ်းကိုစစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြန်ဖွင့်ခဲ့သော်လည်း ဆိုင်ကယ်၊ သုံးဘီးများဖြင့်သာ သွားခွင့်ခဲ့ရကြောင်းတွေ့ရသည်။

လက်ရှိတွင် ကုန်ကားများသွားလာခွင့်ရသည့်အတွက် ခရီးသွားပြည်သူများအတွက် စားနပ်ရိက္ခာများအဆင်ပြေစွာပို့ဆောင်၍ ရနေကြောင်း ကားသမားတစ်ဦး က ABN သို့ပြောသည်။

“ကုန်ကားတွေသွားခွင့်ရပါတယ်၊ ခရီးသွားပြည်သူတွေအတွက်ကောင်းပါတယ်၊ စားနပ်ရိက္ခာတွေကိုအဆင်ပြေအောင်သယ်ယူနိုင်တယ်” ဟု ဆိုသည်။

ထို့အပြင် ရသေ့တောင် ဘူးသီးတောင်မြို့၊ နယ်များရှိ မုန်တိုင်းသင့်ပြည်သူများကို ပုဏ္ဏားကျွန်းမှ တိုက်ရိုက် ကားဖြင့် သွား၍ ကယ်ဆယ်ရေး ပေးနိုင်သည့်အတွက် ကားလမ်းဖွင့်သည့်အပေါ် ဝမ်းသာကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ၁ ဦးက ABN သို့ပြောသည်။

“ဒီလိုအချိန်မှာ ခုလိုဖွင့်ထားပေးတော့ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ အလွယ်တကူ မုန်တိုင်းဒဏ်သင့်တဲ့ ဒေသတွေ သွားနိုင်တာပေါ့။ အဲဒီအတွက် ဝမ်းသာပါတယ်။ အမြဲတမ်းဖွင့်ပေးထားရင်တော့ ပြည်သူတွေအတွက် ပိုကောင်းတာပေါ့” ဟုဆိုသည်။

ပြီးခဲ့သည့်ဇွန်လ ၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်သားတစ်ဦးကို ပုဏ္ဏားကျွန်းမြို့တွင် ဖမ်းဆီးခဲ့သည့်အတွက် ၎င်းလမ်းကို ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုလမ်းကိုမှီခိုအားထားနေရသည့် ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး လမ်းပိတ်ထားစဥ် လမ်းကိုအမှီပြု လုပ်ကိုင်စားသောက်နေသူများမှာ အခက်တွေ့ခဲ့ကြရသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ