Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက မဖွင့်ပေးသေးဘဲ ပိတ်ထားဆဲဖြစ်

စစ်ကောင်စီက စစ်ဆေးရေးဂိတ်ချကာ ပိတ်ထားသည့် ပုဏ္ဏားကျွန်း- ရသေ့တောင်သွားသည့် ကားလမ်းကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ မဖွင့်ပေးသေးဘဲ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။

ထိုကားလမ်းကို ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ၂၀၁၈ ခုနှစ် တိုက်ပွဲများ ပြင်းထန်လာချိန်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများရပ်တန့်ထားသည့် ကာလတွင် ၂ လလောက်ခန့်မျှဖွင့်ပေးခဲ့ကြောင်း ပုဏ္ဏားကျွန်းဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်ပွဲများအတွင်း တွင် ကုန်းလမ်း ရေလမ်း များကိုပိတ်ထားခဲ့သော်လည်း အောက်တိုဘာလ ၂၆ ရက်နေ့ အပစ်ခတ်ရပ်သည့် နောက်ပိုင်းတွင် စစ်ကောင်စီဖက်က ကုန်းလမ်း ရေလမ်းများကို ပြန်ဖွင့်ပေးခဲ့သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့မှ စကာ အပစ်အခတ်ရပ်စဲလိုက်ပြီးနောက် စစ်ကောင်စီက သူတို့ ပိတ်ထားခဲ့သည့် ကုန်းလမ်း ရေလမ်းအများစုကို ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း-ရသေ့တောင် သွားသည့် ကုန်းလမ်းကြောင်းကိုမူ ပိတ်ထားဆဲဖြစ်သည်။

ထိုလမ်းတွင် ပုဏ္ဏားကျွန်းမြို့တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ ၅၅၀ တပ်ရင်းမှ ဂိတ်ချ ပိတ်ထားခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦး ပြောချက်အရသိရသည်။

၎င်းဒေသရှိ ခရီးသွားများ ဒေသခံများနှင့် အဆိုပါကားလမ်းတွင် ပြေးဆွဲ သွားလာသော ကားသမားများမှာ စီးပွားရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။

“လမ်းကို ပိတ်ထားတဲ့အတွက် စစ်တွေ-ကျောက်တော်ကို ပြောင်းပြီး ပြေးဆွဲနေပါတယ်။ ဒါပေမဲ့ အရင်လိုတော့အဆင်မပြေဘူး။ အလုပ်ကိုင် အဆင်မပြေတော့ စာဝတ်နေရေးအတွက် ကျပ်တည်းတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်ရန် လမ်းတွေကို ပြန်ဖွင့်ပေးစေချင်ပါတယ်” ဟု ယခင်က ပုဏ္ဏားကျွန်း- ရသေ့တောင်သွားတဲ့လမ်းမှာ ပုံမှန် ပြေးဆွဲနေသော ကားသမားတစ်ဦးက ABN ကိုပြောသည်။

၎င်းအပြင် ကုန်းလမ်းကြောင်း ပိတ်ထားသည့်အတွက် အဆိုပါဒေသ၌ အရေးပေါ် အခြေအနေ လူနာများရှိလျှင်လည်း ရေးလမ်းတစ်ခုတည်းကိုသာ အသုံးပြု၍ သွားလာနေရသည်ဟု ပုဏ္ဏားကျွန်းဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း ( PDYO)မှ အဖွဲ့ဝင်တစ်ဦးက ABN ကိုပြောသည်။

“လမ်းတော့ ခုချိန်ထိ မဖွင့်သေးပါဘူး။ လမ်းစပိတ်ကတည်းက ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို တစ်ခါမှ အသုံးမပြုပါဘူး။ အရေးပေါ်လူနာတွေ ရှိရင်လည်း ရေလမ်းတစ်ခုတည်းကို အသုံးပြုပြီး ကူညီဆောင်ရွက်ရပါတယ် ဟုပြောသည်။

ထိုကားလမ်း တလျှောက်ကို အမှီပြုပြီး စားသောက်ဆိုင်များ ဖွင့်ကာ ရောင်းချစားသောက် နေကြသည့် ဒေသခံများမှာလည်း အရင်းအနှီးများ ဆုံးရှုံးပြီး အလုပ်အကိုင်အခက်အခဲများ ဖြင့် ရင်ဆိုင်နေရကြောင်း ကားလမ်းဖွင့်စဥ်က စားသောက်ဆိုင်ဖွင့် ရောင်းချခဲ့သူ တစ်ဦးက ပြောသည်။

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကိုလည်း စစ်ကောင်စီပိုင် ရေယာဥ်များသာ သွားခွင့် ပြုထားပြီး အများပြည်သူပိုင် ယာဥ်များကို သွားလာခွင့် ပိတ်ထားသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက မဖွင့်ပေးသေးဘဲ ပိတ်ထားဆဲဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။