Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ခမရ ၅၅၀ မှ ယနေ့နံနက် လက်နက်ကြီးများ စတင်ပစ်ခတ်နေ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ခမရ ၅၅၀ တပ်မှ ယနေ့ နံနက် ၇ နာရီ ၄၁ မိနစ်မှ စတင်ကာ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိနေသည်။

ယနေ့နံနက် ၈ နာရီ ၇ မိနစ်အချိန်ထိ လက်နက်ကြီး ၃ ချက် ပစ်သံကြားလိုက်ရပြီး၊ ၇ နာရီ ၄၁ မိနစ်၊ ၄၈ မိနစ်၊ ၅၂ မိနစ် များတွင် ၃ ချက် ဆက်တိုက် ကြားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“မနက် ၇ နာရီ ၄၁ မိနစ်က စပြီး လက်နက်ကြီးနဲ့ ပစ်သံကြားရတယ် ပြီးရင် ဆက်တိုက် နောက် ၂ ချက် ကြားရတယ်။ ဘယ်ကို ပစ်လို့ ဘယ်ကို ကျလဲတော့ မသိသေးဘူး” ဟုပြောသည်။

မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ တန်းခိုး၊ ကျော်ဇံရွာများကို ကြည်း ရေ လေ တပ်များဖြင့် စစ်ကောင်စီမှ အရပ်သားပြည်သူများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထိုရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး လက်ရှိအချိန်တွင် အသစ်တိုး စစ်ရှောင် ၂၀၀၀၀ ကျော်ထိ ရှိလာနေပြီဖြစ်သည်။

ထို့အပြင် စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းကိုလည်း စစ်ကောင်စီတပ်မှ ဆက်လက်ပိတ်ထားဆဲ ဖြစ်ပြီး ကားများနှင့် ခရီးသည်များမှာ ပိတ်မိနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ