Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ၊ ကျောက်တော် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှုများရှိနေ

ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်

စသည့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့် လှုပ်ရှားမှု များ ရှိနေသည်ဟုသိရသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက် ၉ နာရီလောက်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့ စစ်ကောင်စီတပ် ၅၅၀တပ်ရင်းမှ RPG လက်နက်နှင့်တခြား လက်နက်များသယ်ဆောင်ပြီး၊ စစ်ကား ၃ စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ခန့်နှင့် ရဲ ၁၆ ယောက်ခန့်တို့ သင်္ဘောဆိပ်ဖက်သို့ဦးတည် ဆင်းသွားကြကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ အင်အားကတော့ ၁၃၀ လောက်ရှိပါတယ်၊ တချို့ စစ်သားတွေဆိုရင် RPG တွေထမ်းပြီး လက်နက်တွေအပြည်စုံနှင့် ခြေကျင်လျှောက်သွားတာတွေ့ပါတယ်၊ ကား ၃ စီးနှင့် ရဲတွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နောက်မှ မိနစ် ၃၀ လောက်ခြားပါတယ် ရွာဟောင်းရပ်ကွက် သဘော်ဆိပ်ကမ်းဖက်ကို ဆင်းသွားတာတွေ့လိုက်ပါတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးမှပြောသည်။

ထို့အတူ မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်၊ ကုန်သည်တန်းစျေး၊ ကျောက်ရစ်ကေရပ်ကွက်၊ ညောင်ပင်စျေး စသည့်နေရာများတွင်လည်း စစ်ကောင်စီတပ်အင်အာ ၄၀ခန့် သွားလာလှုပ်ရှားမှုများရှိနေကြောင်းမျက်မြင်ဒေသခံများ ပြောပြချက်အရ သိရသည်။

” မနက် ၉ နာရီကျော်လောက်ရှိဖို့ထင်ပါတယ်၊ သူတို့က လမ်းသွားလမ်းလာတွေကို စစ်ဆေးပါတယ်၊ သူတို့အင်အားကတော့ ၄၀ ခန့်လောက်ရှိမယ် ထင်ပါတယ်” ဟုဒေသခံတစ်ဦးမှပြောသည်။

၎င်းအပြင် ယနေ့ မနက် ၉ နာရီခန့်ကလည်း ကျောက်တော် စကခ ( ၉ ) တပ်ရင်းမှနေပီ ၄ စီး စစ်တွေဖက်သို့ ဆင်းသွားကြောင်းသိရသည်။

“မနေ့က စကခ (၉) တပ်ရင်းနားမှာ နေဗီ ၂ စီးရပ်လို့ရှိပါတယ်၊ ဒီနေ့ မနက်ကျတော့ ရပ်ထားတဲ့ နေဗီ ၂ စီးထဲက ၁ စီးဟာ တခြား နေပီ ၃ စီးနှင့်အတူ မနက် ၈ နာရီခွဲကျော်ခန့်လောက်က ကစ္ဆပနဒီတံတားအောက်ကနေ ဖြတ်သွားတာတွေ့လိုက်ပါတယ်၊ အင်အားတော့သိပ်မများဘူး၊ နေပီ အကြီး ၁ စီးမှာ အင်အား ၂၀ လောက်ရှိမယ်ထင်ပါတယ်၊ တခြားနေဗီတွေမှာတော့ မတွေ့လိုက်ပါဘူး” ဟုမျက်မြင်တစ်ဦးကပြောသည်။

စစ်တွေမြို့ ရွှေမင်းဂံ ကူးတို့ဆိပ်ဖက်သို့ စစ်ကား ၆ စီးဆင်းသွားကြောင်းသိရသည်။

“ကျွန်တော်မြင်လိုက်တာကတော့ ” ဆန် ၂ စီး၊ ဆီ ပေပါ ၂ စီး၊ လူအင်အားအပြည့်နှင့်ကား ၂ စီးကိုတွေ့လိုက်ရပါတယ်” ဟုပြောသည်။

စစ်တွေမြို့ ဝါးဆိပ်တံတားနားတွင်လည်း စစ်ကား ၁ စီးရပ်နားပြီး၊ စစ်ကောင်စီ ၁၅ ယောက်ခန့်တို့သည်လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်တန့်ထားကြသော်လည်း စစ်ကောင်စီတပ်ဖက်မှ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာဖြည့်တင်းမှုများမှာ တပ်ဖြန့်ချထားမှုများနှင့် ပြည်သူများအား စစ်ဆေးမှုများမှာ တိုက်ပွဲကာလအတွင်းအတိုင်း ပုံမှန်ရှိနေဆဲဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များမှာလည်း အပစ်ရပ်ပြီး နောက်တနေ့တွင် မိမိရပ်ရွာများသို့ ပြန်ကာ စပါးရိတ်သိမ်းခြင်းများကို ပြုလုပ်နေကြပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ