Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

AB News –  ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းအား ယနေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်” ဟု ဖော်ပြထားသည်။

ပုဏ္ဏားကျွန်း၊ ရသေ့‌တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွဲရင်း စစ်ကောင်စီ၏စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွဲလျက်ရှိကြောင်း ထုန်ပြန်ခဲ့သည်။

မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင်းရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင့်တပ်တော်မှ ၅ရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်များကြားမှ စစ်ကောင်စီ၏ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဗျူဟာ၊ စကခဌာနချုပ်၊ တပ်ရင်းစခန်း၊ တပ်မဌာနချုပ်၊ ရဲတပ်ရင်းပေါင်း မြောက်မြားစွာတို့ကို ရက္ခိုင့်တပ်တော်က စစ်ဆင်‌ရေးကာလ ၃လကျော်အတွင်း သိမ်းပိုက်ရယူနိုင်ခဲ့သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း စစ်ကောင်စီ၏ စစ်ရေးတုံ့ပြန်မှုနှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ