Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ မင်းပြားမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် နေရာယူထား

ယနေ့မနက် ၈ နာရီ ၁၀ မိနစ်ခန့်က ပုဏ္ဏားကျွန်းမြို့ထဲကို စစ်ကောာင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဝင်ရောက်လာပြီး လမ်းမများတွင် နေရာယူလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပုဏ္ဏားကျွန်းမြို့တွင် တပ်စွဲထားသည့် ၅၅၀ တပ်ရင်းမှ ဖြစ်ကြောင်း သိရပြီး ထိုတပ်ဖွဲ့များသည် မြို့သစ်ရပ်ကွက်၊ အလယ်စုရပ်ကွက်၊ ရွာဟောင်းရပ်ကွက်များတွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

“ဗမာစစ်သားတွေ မနက် ၈ နာရီကျော်လောက်ကတည်းက ပုဏ္ဏားကျွန်းမြို့ထဲကို ဝင်လာကြတာတွေ့တယ်။ လက်နက် အပြည့်အစုံနဲ့ ဝင်လာကြတာ။ လူတွေကတော့ ကြောက်လို့ ပြေးတဲ့ သူတွေက ပြေးကုန်ကြပြီ” ဟု ပုဏ္ဏားကျွန်းရပ်ကွက်သားတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ ဂူဝဘုရားတည့်တည့် ကုလားတန်မြစ်တွင် စစ်ကောင်စီတပ် နေဗီ ၃ စီးရောက်လာပြီး နာရီအတန်ကြာ ရှိနေခဲ့သည်။

တောင်ကုတ်မြို့နယ်၊ မိုးထိတိုက်နယ်၊ သင်္ချီကိုင်းကျေးရွာအုပ်စု တာရဲရွာအထက်ပိုင်း သရပါရှေးဟောင်းသိမ်တော်တောရ အနီးတပ်စွဲထားသည့် တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့်သည်လည်း ယနေ့ မနက် နိုဝင်ဘာ ၂၁ ရက်နေ့ က တောင်ကုတ်မြို့ထဲဖက်သို့ လက်နက် အပြည့်အစုံဖြင့် ဝင်ရောက်လာကြကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

မင်းပြားမြို့တွင်လည်း ယနေ့မနက် ၈ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ဝင်ရောက်လာပြီး တပ်ဖြန့်ထားကြောင်း သိရသည်။

မင်းမြို့မြို့တွင် ဂြမ်းမရွာ၊ ကျီးဖြူရွာ၊ ကိုးရီးယားခွဆုံတို့တွင် နေရာယူထားကြကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ