Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက လယ်ကွင်းများတွင် မိုင်းထောင်ထားသည့်အတွက် လယ်သမားများ ဧက ၂၀ ကျော် စပါးရိတ်သိမ်းခွင့်မရဖြစ်နေ

ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက လယ်ကွင်းများတွင် မိုင်းထောင်ထားသည့်အတွက် လယ်သမားများ ဧက ၂၀ ကျော် စပါးရိတ်သိမ်းခွင့်မရဖြစ်နေ

( လယ်ကွင်းဧရိယာအနီးတွင် စကစက မိုင်းထောင်ထား )

AB News – ဒီဇင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀တပ်ရင်း၏ ကိုက် ၆၀၀အကွာပတ်လည်တွင် စစ်ကောင်စီအဖွဲ့က မိုင်းထောင်ထားသည့်အတွက် လယ်ကွင်းပိုင်ရှင်များမှာ စပါးရိတ်သိမ်းခွင့် မရ ဖြစ်နေကြောင်း လယ်သမားများက AB News သို့ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီအဖွဲ့က တောင်ကုန်းပေါ်မှဆင်းလာပြီး စပါးရိတ်သိမ်းနေသော ပြည်သူများအား ကိုက် ၆၀၀ အကွာမှစပါးခင်းများကို ရိတ်သိမ်းခွင့်မပြုကြောင်း စကစတပ်ဖွဲ့ဝင်းများကပြောကြားခဲ့ကြောင်း လယ်သမား ၁ ဦးက AB News သို့ပြောသည်။

“ကျနော်တို့ စပါးရိတ်သိမ်းနေတဲ့အချိန်မှာ ၅၅၀ က စကစတပ်သားတွေက တောင်ကုန်းပေါ်ကဆင်းလာတယ်၊ ကိုက် ၆၀၀ အတွင်းမှာရှိနေတဲ့စပါးတွေကို ရိတ်သိမ်းလို့မရဘူးလို့ပြောတယ်၊ ဒီနားတစ်ဝိုက်မှာမိုင်းထောင်ထားတာတွေ ရှိတယ်လို့ စကစတွေက ပြောတယ် “ဟု ဆိုသည်။

စကစအဖွဲ့၏တားမြစ်ခံထားရသော လယ်သမားများမှာ ဦးမောင်ကြည်တွင် ၁ဧက၊ ခင်မောင်အေးတွင် ၁ ဧက၊ မောင်ဖြူတွင် ၁ဧက .၂၀၊ ထွန်းတင်မောင်တွင် ၄ ဧက.၃၀၊ ကျော်ညှိမ်းတွင် ၁ ဧက.၂၀၊ ဒေါ်အေးနုတွင် ၂ ဧက၊ ကျော်သန်းတွင် ၁ဧက၊ မောင်အေးမြတွင် ၁ဧက. ၃၀၊ဦးရွှေသန်းတွင် ၁ဧက. ၄၀၊ သောင်းထွန်းအေးတွင် ၁ဧက.၂၊ ကျော်စိန်ဝင်းတွင် ၁ဧက.၅၀၊ မောင်ကြည်ဝင်းတွင် ၂ ဧက၊ဦးသိန်းစောဦးတွင် ၃ ဧက တို့ဖြစ်ကာ စုစုပေါင်း ဧက ၂၀ ကျော်ရှိသည်ဟု ပြောသည်။

စစ်ကောင်စီအဖွဲ့၏ တားမြစ်မှုကြောင့် လယ်သမားအများစုမှာ ၎င်းတို့၏ စပါးများရိတ်သိမ်းရန် အခက်အခဲရှိနေပြီး ၊ စကစက ပြည်သူပိုင်လယ်မြေများတွင် မိုင်းထောင်ခြင်းများသည် ပြည်သူများအားအငတ်ဘေးဆိုက်အောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ​အမည်မဖော်လိုသည့် ​လယ်သမား ၁ ဦးက AB News ပြောသည်။

” စပါးရိတ်သိမ်းလို့မရတော့ ကျနော်တို့မှာ ဝမ်းရေးအတွက်အရမ်းခက်ခဲသွားမယ်၊ ဒီလယ်တွေကိုပဲအားကိုးမှီခိုနေရတာပါ၊ သူတို့က မိုင်းတွေလည်းထောင်ထားတော့ အသက်အန္တရာယ်လည်းရှိတယ်၊ အငတ်ဘေးဆိုက်အောင်လုပ်နေတာပါ” ဟု ဆိုသည်။

၎င်းထဲမှ ဦးထွန်းတင်မောင်၏ နွား ၃ကောင်မှာလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စကစ ထောင်ထားသည့်မိုင်းထိပြီးသေဆုံးသွားခဲ့သည်။

ထို့အပြင် ၎င်း၏ ပြိုင်းပင်ကြီး ၄၈၅ ပင် အပါအဝင် သရက် ရင်ကွဲသီးပင်ခြံနှင့် တစ်ခြားစားပင်သီးပင်များလည်း စစ်ကောင်စီ၏တပ်ပိုင်နယ်မြေအနီးတွင် ရှိနေသည့်အတွက် တောင်ယာခုတ်ရန်အတွက်လည်း အခက်ကြုံနေရသည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့ဝင်များက ပြည်သူများကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်း၊ အရပ်သားဒေသခံများကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းကို အဓမ္မသိမ်းယူခြင်း၊ စပါးခင်းများကို မီးရှို့ဖျက်စီးနေခြင်းများကို တစိုက်မတ်မတ်ပြုလုပ်လျက်ရှိခြင်းကြောင့် ရက္ခိုင်ပြည်သူများလည်း ဘေလွတ်ရာသို့ ​ရွှေ့ပြောင်းလာသူ များပြားလာသည်ကိုတွေ့ရသည်။

ရက္ခိုင်ပြည်သည် ဆန်စပါးပေါကြွယ်ဝသော ဒေသတစ်ခုဖြစ်သည့်အတွက်ကြောင့် ၎င်းတို့၏ရင့်မှည့်နေသောစပါးခင်းများကို အချိန်မှီရိတ်သိမ်းနိုင်ရန် စက်သုံးဆီများလိုအပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ