Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ မြို့ဟောင်းရပ်ကွက်တွင် ကလေးငယ်တစ်ဦး မီးခြစ်ဖြင့် ကစားရာမှ မီးလောင်းမှုဖြစ်ပွား

ABN-ထက်မြတ်ခင်

ဩဂုတ်လ ၂၂ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ မြို့ဟောင်းရပ်ကွက်တွင် ယနေ့ ဩဂုတ်လ၂၂ရက်နေ့ မွန်းလွှဲ ၂နာရီ ၄၅မိနစ်အချိန်က ကလေးငယ်တစ်ဦး မီးခြစ်ဖြင့်ကစားရာမှ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်ဟုသိရသည််။

မီးလောင်ခဲ့သည့်နေအိမ်မှာ ပုဏ္ဏားကျွန်းမြို့ မြို့ဟောင်းရပ်ကွက်ရှိ အသက် ၆၃အရွယ် ဦးလှမောင် (မျက်စိမသန်စွမ်း) ၏ နေအိမ်ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွှဲအချိန်က ဦးလှမောင်၏ဇနီးဖြစ်သူ အလုပ်သွားလုပ်သည့်အချိန် ဦးလှမောင်မှာ သားဖြစ်သူနှင့် အတူရှိနေပြီး ဖခင်ဖြစ်သူ ရေသွားခပ်သည့်အချိန်တွင် သားဖြစ်သူက မီးခြစ်ဖြင့် ကစားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ရပ်ကွက်သား တစ်ဦးကပြောသည

“သူ့အမေက အလုပ်သွားလုပ်ပါတယ်၊ ဖခင်ဖြစ်သူမှာလည်း မျက်စိကမမြင်ရ သူ့အဖေရေသွားခပ်သွားချိန်အတွင်းမှာပဲ အခုလိုမီးလောင်သွားတာပါ” ဟုပြောသည်။

မီးလောင်မှုကြောင့် အိမ်နောက်ဖေးဖက်ခြမ်း မီးလောင်ကျွမ်းသွားပြီး မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေအိမ်ပိုင်ရှင်အား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ