Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့အဝင်အနီး ကားမှောက်၍ ဆရာတော်တစ်ပါး ဒဏ်ရာရရှိ

ABN-ရှိုင်းမိုး

စင်တင်ဘာ ၇ရက်

ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက် ရွှေတောင်တန်းကျောင်းအနီးတွင် ဟိုင်းဂျက် ကားတစ်စီး မှောက်၍ ရဟန်းတစ်ပါး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဒဏ်ရာရရှိသွားသော ရဟန်းသည် ကျောက်ဖြူမှဖြစ်ပြီး လက်ရှိ ကျောက်တော်တောင်တွင် သီတင်းသုံး နေထိုင်သည့်ရဟန်းဖြစ်ကြောင်း သိရသည်။

ထိုဟိုင်းဂျက်ကားသည် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ ကိုဇော်ခင်ထွန်းကားဖြစ်ကြောင်းသိရှိရသည်။

အဆိုပါကားတွင် ရဟန်တစ်ပါးနှင့် အမျိုးသမီး တစ်ဦးပါရှိပြီး ကားမှောက်၍ ရဟန်းတစ်ပါးမှာ မျက်ခုံးအောက်တွင် ဒဏ်ရာအနည်းငယ်ရရှိသွားပြီး ဒေသခံများမှ ဆေးရုံးသို့ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေတစ်ဦးပြောကြားချက်အရသိရသည်။

“ကားပေါ်မှာက အမျိုးသမီးတစ်ယောက်၊ ရဟန်းတစ်ပါး၊ နောက်ပြီး ကားသမား အားလုံး ၃ယောက်တည်းပါပဲ၊ ကားက တခုခုကိုတိုက်မိတာမျိုးမဟုတ်ပါဘူး၊ သူ့ဟာသူမှောက်သွားတာ၊ ရဟန်းတစ်ပါးဒဏ်ရာရသွားပါတယ်၊ အမျိုးသမီးနဲ့ ကားသမားကဘာမှမဖြစ်ပါဘူး” ဟုဆိုသည်။

ကားပေါ်ပါလာသော အမျိုးသမီးကို တခြားကားတစ်စီးတွင် စီးခိုင်းခဲ့ပြီး ရဟန်းကို ဆေးရုံးမှဆေးထည့်ပြီးသောအခါ ကျောက်တော်တောင်သို့ ပြန်ပြီးပို့ဆောင်လိုက်မည်ဟု ဆေးခန်းလိုက်ပို့သည့် ဒေသခံတစ်ဦးကပြောသည်။

” အမျိုးသမီးကိုနောက်ကားတစ်စီးနဲ့ထည့်လိုက်ပါတယ်၊ ရဟန်းကိုတော့ ဆေးထည့်ပြီးမှ ပို့ဖို့စီစဥ်ထားပါတယ်၊ ဒဏ်ရာက သိပ်မပြင်းဘူး၊ မျက်ခုံးအောက်နားလေးက ဒဏ်ရာနည်းနည်းရသွားတယ်၊ ကားသမားကိုတော့ ရဟန်းကိုတာဝန်ယူပေးရမယ်ပြောထားတယ်၊ ကားသမားလည်းဘာမှမဖြစ်ပါဘူး၊ ရဟန်းတစ်ပါးပဲ ဒဏ်ရာရရသွားတာပါ၊ အခုဒဏ်ရာကိုဆေးထည့်နေပါတယ်” ဟုဆိုသည်။

မတ်လ ၉ရက်နေ့က ပုဏ္ဏားမြို့နယ် ယာချောင်းရွာအနီးတွင် ခရီးသည်တင်ကားမှောက်၍ အမျိုးသမီး ၂ဦးဒဏ်ရာရရှိသွားသည်။

ဇန်နဝါရီလ ၂ရက်နေ့ကလည်း ပုဏ္ဏားမြို့နယ် အောင်မင်္ဂလာရွာနားတွင် ဟိုင်းဂျက်ကားဝင်တိုက်၍ အမျိုးသမီး ၁ဦးဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ