Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်ကြီး ကျေးရွာမှ အမျိုးသားတစ်ဦးငါးရှာသွားရာ၌ ရေနစ်သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်ကြီး ကျေးရွာမှ အမျိုးသားတစ်ဦးငါးရှာသွားရာ၌ ရေနစ်သေဆုံး

ABN-ထက်မြတ်ခင်

ဩဂုတ် ၃ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ အသက် ၃၇ အရွယ် ဦးဝင်းမောင်သည် ငါးရှာသွားရာ ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသူ ဦးဝင်းမောင်မှာ ဩဂုတ်လ ၂ရက်နေ့ ညနေ ၆နာရီအချိန်ခန့်က ငါးရှာသွားရာတွင် ရေနစ်သေဆုံးခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့နေ့လယ် ၁၂နာရီ ၂၀ခန့်က ပဒေသာကျေးရွာအနီး၌ တွေ့ရှိခဲ့သည်ဟု ပုဏ္ဏားမြို့ PDYOအဖွဲ့ဝင်တစ်ဦးကပြောသည်။

“ရုပ်အလောင်းကို ကျနော်တို့ကိုယ်တိုင်ရှာခဲ့တာတော့မဟုတ်ပါဘူး။ ကျေးရွာသားတစ်ဦးက အကူညီတောင်းခဲ့တာပါ၊ ကျတော်တို့ကြားရသလောက်တော့ သေဆုံးသွားတဲ့ ဦးဝင်းမောင်ဟာ ရေကူးမတတ်ဘူးလို့ သိရပါတယ်” ဟုပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ ညနေက သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ပြီးခဲသည့် ဇူလိုင်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရေနစ်သေဆုံးသူ ၁၄ဦးအထိရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ