Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး အိမ်မွေးခွေး ၁ကောင်သေဆုံး၊ နေအိမ် ၂လုံး ပျက်စီး

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူ​ကန်ကျေးရွာတွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အိမ်မွေးခွေး ၁ ကောင်သေဆုံးခဲ့ကာ နေအိမ် ၂လုံး ပျက်စီးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက် ၁၀နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့ ခမရ ၅၅၀ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူ​ကန်ကျေးရွာမှ ခွေး ၁ကောင် သေဆုံးခဲ့သည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူ​ကန်ကျေးရွာမှ ဦးခင်မောင်နှင့် ဦးဘသိန်းတို့၏ နေအိမ်များမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပျက်စီးခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၀နာရီကျော် အချိန်မှာ ခမရ ၅၅၀ တပ်ရင်းက လက်နက်ကြီးတွေ ပစ်ခတ်တယ်။ လက်နက်ကြီး ၁လုံးဟာ ရွာထဲမှာ ကျရောက်ပေါက်ကွဲပြီး ခွေး ၁ကောင် သေဆုံးပြီး ဦးခင်မောင်နှင့် ဦးဘသိန်းတို့ နေအိမ်တွေ ပျက်စီးခဲ့တယ်” ဟု ဆိုသည်။

နေအိမ်ပျက်စီးခဲ့သည့် ပိုင်ရှင် ၁ဦးက “ကျနော့် အိမ်ဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ပြီး အိမ်​ဆောက်ပြီးတာတောင် မကြာသေးဘူး။ အခုတော့ နေအိမ်မှာ လက်နက်ကြီး ကျရောက်ပေါက်ပြီး အကုန်လုံး ပျက်စီးသွားတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် လက်နက်ကြီး၊ လက်နက်ငယ်၊ နေဗီ နှင့် ရဟတ်ယာဥ်များဖြင့် မြို့၊ရွာများကို ပစ်ခတ်နေသောကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့အပြင် မြောက်ဦးမြို့ထဲတွင်လည်း စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး နေအိမ်အချို့ ပျက်စီးခဲ့ကာ ဒဏ်ရာရှိသူ ၆ ဦးရှိပြီး ၎င်းအထဲမှ ၁ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ