သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦး မြက်ပေါင်းသတ်ဆေး သောက်၍ သေဆုံး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၁ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျွေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၂၀ရက်နေ့ ညနေအချိန်က အမျိုးသားတစ်ဦး မြက်ပေါင်းသတ်ဆေးသောက်၍ သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသွားသူအမျိုးသားမှာ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှ အဖဦးဖြူသီး၏သား အသက်(၅၈)အရွယ် ဦးငနီအောင်ဖြစ်ကြောင်းသိရသည်။

ဦးငနီအောင်မှာ ရွာ၏ သင်္ချိုင်းအနီး၌ရှိသော ၎င်း၏စိုက်ခင်းတွင် အိပ်လေ့ရှိပြီး ယမန်နေ့ ညနေ အချိန်က အရက်အနည်းငယ်သောက်စားပြီး ပေါင်းသတ်ဆေးသောက်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာသား၁ဦးကပြောသည်။

“သူက စိုက်ခြင်းထဲမှာ အိပ်တာပါ၊ အဲဒီမှာက မြက်သတ်ဆေးပုလင်းအမြဲရှိပါတယ်၊ သူဘယ်လိုစိတ်တွေပေါက်ပြီး သောက်တာကိုတော့မသိပါ၊ သားသမီးတွေလည်း စိုက်ခြင်းမှာအိပ်တယ်လို့ဘဲထင်ကြတယ်၊ ယနေ့နံနက်က ထမင်းစားဖို့အိမ်ကိုမရောက်တော့မှ လိုက်ရှာရင်းနဲ့ ယခုလိုသေဆုံးနေတာကို တွေ့ရတာပါ” ဟုပြောသည်။

သေဆုံးသွားသူ ဦးငနီမောင်အား ယနေ့ မွန်လွဲ ၁နာရီတွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သူအများအပြားရှိလာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ