Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကျန် ဗုံးသီးပေါက်ကွဲ၍ စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦးသေဆုံး၊ ၂ဦးဒဏ်ရာရရှိ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၈ရက်

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကျန် ဗုံးပေါက်ကွဲ၍ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ကလေးငယ် ၁ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိသည်ဟုသိရသည်။

ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က ယိုးတရုတ်ရွာရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းတွင် ဗုံးတစ်လုံးကို ကလေးငယ်များက ရရှိ၍ ထုခွဲကစားရာမှ ပေါက်ကွဲရခြင်းဖြစ်ကြောင်းသိရသည်။

ထိုဗုံးသီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး၊ ၂ ဦးမှာပြင်းထန်ဒဏ်ရာရရှိသွားသည်ဟုသိရှိရသည်။

ဒဏ်ရာရရှိသွားသော ကလေးငယ် ၂ဦးမှာ ယိုးတရုတ်ဆေးရုံးတွင် ၁ဦးထားရှိခဲ့ပြီး နောက်တစ်ဦးကို ပုဏ္ဏားကျွန်းဆေးရုံးသို့ယူဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“၃ယောက်မှာ ၁ယောက်သေပါတယ်၊ ၂ယောက်ဒဏ်ရာရပါတယ်၊ ယိုးတရုတ်ဆေးရုံမှာ တစ်ယောက်ထားခဲ့ပါတယ်၊ နောက်တစ်ယောက်ကို ပုဏ္ဏားကျွန်းဆေးရုံသို့ယူလာပါတယ်” ဟုဆိုသည်။

ကလေးငယ်များ၏ အချက်အလက်ကို ABNမှစုံစမ်းနေဆဲဖြစ်သည်။

ထိုရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်သည့်အချိန်က စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့ကြောင်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ