Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဗုံးသီးပေါက်ကွဲ၍ စစ်ဘေးရှောင် ၁၀နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး၊ ၈နှစ်နှင့် ၆နှစ်အရွယ် ကလေး၂ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဗုံးသီးပေါက်ကွဲ၍ စစ်ဘေးရှောင် ၁၀နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး၊ ၈နှစ်နှင့် ၆နှစ်အရွယ် ကလေး၂ဦးဒဏ်ရာရ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၈ရက်

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်တွင် ဗုံးသီးပေါက်ကွဲ၍ စစ်ဘေးရှောင် ၁၀ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ၈နှစ်နဲ့ ၆နှစ်အရွယ် ကလေး၂ဦးပြင်းထန်ဒဏ်ရာရရှိသည်ဟုသိရသည်။

ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က ယိုးတရုတ်ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသည့် စစ်ဘေးရှောင်ကလေးငယ် ၃ဦးသည် စစ်ကျန် ဗုံးသီးကိုထုခွဲကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဗုံးသီးပေါက်ကွဲမှုကြောင်း အသက် ၁၀နှစ်အရွယ် မောင်နေမျိုးဟိန်းမှာ နေရာ၌သေဆုံးပြီး၊ အသက် ၈နှစ်အရွယ်မောင်မျိုးဇော်လင်းနှင့် အသက် ၆နှစ်အရွယ် မောင်မျိုးချစ်ဦးမှာ ဒဏ်ရာပြင်းထန်းရရှိသွားသည်ဟုသိရသည်။

ဒဏ်ရာရရှိသွားသည့် ကလေး ၂ဦးကို ယိုးတရုတ်ဆေးရုံတွင် တစ်ဦးထားခဲ့ပြီး၊ စစ်တွေဆေးရုံသို့တစ်ဦးယူဆောင်ခဲ့ရသည်ဟု ဒေသခံတစ်ဦးမှပြောသည်။

“ပထမတော့ ပုဏ္ဏားကျွန်းဆေးရုံကိုယူပါတယ်၊ ဒါပေမယ့် စစ်တွေဆေးရုံကိုယူသွားပြောပါတယ်၊ ဒဏ်ရာကပြင်းပါတယ်၊ ခြေပိုင်းရဖို့အခြေနေရှိပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်လင်္ဂါတွေ့ဆုံးရှုံးခဲ့ရရင်စိတ်မကောင်းဖြစ်ကြမှာ” ဟုဆိုသည်။

ယိုးတရုတ်ရထားဘူတာ စစ်ဘေးရှောင်စခန်းအနီတွင် ယခင်က စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ခဲ့ကြသည်။

စစ်ကျန်လက်နက်များကို ကိုင်တွင်ခြင်း၊ ထုကြည့်ခြင်း၊ ဆော့ကစားခြင်းများ လုံးဝ မလုပ်ရပါ။ ပေါက်ကွဲစေတတ်သော ပစ္စည်းဟု သံသယရှိပါက ထိုနေရာကို အများသူငါသိအောင် ထင်ရှားသည့်အမှတ်အသားပြုလုပ်ခြင်း၊ သက်ဆိုင်ရာသို့ အကြောင်းကြားသိစေခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ