Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် ADYO အရေးပေါ်လူနာတင်ကား မတော်တဆ တိမ်းမှောက်မှုဖြစ်

ABN-ရှိုင်းမိုး

အောက်တိုဘာ ၃ရက်

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၉နာရီကျော်အချိန်က ADYO အရေးပေါ်လူနာတင်ကား မတော်တဆ တိမ်းမှောက်သွားသည်ဟုသိရသည်။

ထိုကားသည် အလယ်ချောင်းရွာမှ စစ်တွေမြို့သို့ လူနာပို့ရန်သွားစဥ် ကြိမ်ကျွန်းရွာလမ်းတွင် ဘီးလျှော်၍ လမ်းဘေးအောက် လယ်ကွင်းထဲသို့မှောက်သွားသည်ဟုသိရသည်။

ကားပေါ်တွင် အလယ်ချောင်းရွာမှ ၈နှစ်အရွယ် လူနာကလေးငယ်တစ်ဦးအပါဝင် ADYO အဖွဲ့သားများပါရှိသည်ဟုသိရသည်။

မတော်တဆ ကားမှောက်သွားသောကြောင့် လူနာကို စက်လှေဖြင့်သာ ပို့ဆောင်လိုက်ရသည်ဟု ADYO အသင်း၏ ဥက္ကဌ ကိုမောင်မြင့်နိုင်ကပြောသည်။

“ကားက ဘီးလျှော်လို့မှောက်သွားတာ၊ လမ်းကနည်းနည်းကျဥ်းပါတယ်၊ မိုးကလည်းတအားရွာနေတယ်၊ ထိခိုက်ဒဏ်ရာရသွားတဲ့သူတော့မရှိပါ၊ လူနာကို စက်လှေနဲ့ပို့လိုက်ရပါတယ်” ဟုဆိုသည်။

ကားမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း ကားပျက်စီးသွားသည့်အတွက် အရေးပေါ်လုပ်ဆောင်ချက်များကို ခတ္တခဏရပ်နားသွားမည်ဟုပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ