Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား၍ ဒေသခံလူငယ် ၁ ဦးသေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၉ ရက်

စက်တင်ဘာလ ၂၇ရက်နေ့ ညနေ ၄နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား၍ ဒေသခံလူငယ်တစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသွားသူသည် ပုဏ္ဏားကျွန်းမြို့နယ် အောက်မျက်လှဲရွာမှ အဖ ဦးသန်း၏သား အသက် ၂၁နှစ်အရွယ် ကိုမျိုးကျော်လင်းဖြစ်ကြောင်းသိရသည်။

၎င်းသည် စက်တင်ဘာလ ၂၇ရက်နေ့က ရွာထိပ်က ဆေးဆိုင်မှ ဆေးဝယ်ပြီး ဆိုင်ကယ်ဖြင့်ပြန်လာချိန်တွင် ကျောက်တော်- စစ်တွေကို ပြေးဆွဲနေသည့် ခရီးသည်တင်ကားက အနောက်မှ ဝင်တိုက်ခဲ့ကြောင်းသိရသည်။

ကိုမျိုးကျော်လင်းကို ကားဝင်တိုက်ပြီးနောက် အနီးအနားရှိ ဒေသခံများက ကားတစ်စီးဖြင့် ဆေးရုံသို့ယူဆောင်ချိန် လမ်းခုလတ်တွင်အသက်ကုန်ဆုံးခဲ့သည်ဟု ကိုမျိုးကျော်လင်း၏အဘိုးဖြစ်သူ ဦးကျော်သန်းကပြောသည်။

“ကားသမားက ဝင်တိုက်တာ၊ စစ်တွေကနေ ကျောက်တော်ကိုအလာမှာတိုက်တာ၊ ဆိုင်ကယ်လက်ယာလဲမှန်ပါတယ်၊ ကားသမားကပေါ့ဆလို့ဖြစ်တာ၊ ကျနော့်မြေးက ကားဘီးအောက်ပါသွားပါတယ်၊ သူ့ကိုဆေးရုံကိုယူကြသေးတယ်၊ ဒါပေမယ့် ဆေးရုံမရောက်ခဲ့ဘူး၊ လမ်းမှာသေဆုံးသွားပါတယ်” ဟုဆိုသည်။

ကိုမျိုးကျော်လင်းမှာ ကားဝင်တိုက်ခံရသောကြောင့် ဦးခေါင်းနဲ့မျက်နှာတို့တွင် ပြင်းထန်သောဒဏ်ရာများရရှိခဲ့သည်။

၎င်းအားဝင်တိုက်သောကားသည် ကျောက်တော်မြို့နယ် ကျောက်တလုံးရွာမှဖြစ်ပြီး လက်ရှိတွင် ကားဒရိုက်ဘာအား ULA/AA ကဖမ်းဆီးထားသည်ဟုသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား၍ ဒေသခံလူငယ် ၁ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ