Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်းတွင် အရိပ်ရသစ်ပင် ၁၀၀၀ ကျော် စိုက်ပျိုး

ABN- ရာဟု

ဇူလိုင် ၃ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်းတွင် အရိပ်ရသစ်ပင် ၁၀၀၀ကျော်ကို ဇူလိုင်လ ၂ ရက်နေ့က စတင်စိုက်ပျိုး ခဲ့ကြသည်ဟု သိရှိ သည်။

မေလက တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါမုန်တိုင်း​ဒဏ်ကြောင့် သစ်ပင်များ လဲကျပျက်စီးသွားသည့်အတွက် သင်ပုန်းတန်းကျွန်းရှိ ကျေးရွာ ၉ရွာတွင် အရိပ်ရသစ်ပင်များ စတင်စိုက်ပျိုးခြင်းဖြစ်ကာ စုစုပေါင်းပျိုးပင် ၁၀၀၀ကျော်ကို ကျေးရွာများရှိ လူငယ်ပရဟိတအသင်များနှင့် ကျေးရွာသူရွာသားများက စုပေါင်းကာ စိုက်ပ်ျိုးကြခြင်းဖြစ်သည်ဟု သိရသည်။

“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း အရိပ်အာဝါသ ရရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ပြီး ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်နိုင်စေရန်အတွက် သစ်ပင်များကို ပြန်လည်းအစားထိုး စိုက်ပျိုးရခြင်းဖြစ်ကြောင်း ကျွဲချရွာမှ မျိုးဆက်သစ်တို့အားမာန်အသင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဘဌေး က ပြောသည်။

“သစ်ပင်စိုက်တာက အရိပ်ရဖို့၊ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ ရာသီဥတု ဖောက်ပြန်တာကိုကာကွယ်ဖို့ပေါ့၊ “ဥတုရာသီ တောကိုမှီ “ဆိုသလိုပေါ့နော် “ဟု ABN သို့ပြောသည်။

ယခုစိုက်ပျိုးသည့် သစ်ပင်များမှာ မန်ဂျာရှားပင်များဖြစ်ပြီးစိုက်ပျိုးရာတွင် လ်ိုအပ်သည် ပျိုးပင်များကို စိမ်းလန်းစီ သစ်ပင်စိုက်ပျိုးရေး အဖွဲ့မှ ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။

သစ်ပင်များစိုက်ပျိုးရာတွင် ကျွဲ ၊နွား တိရိစ္ဆာန်များ ဖျက်စီးမှုဒဏ်မှ ကာကွယ်ရန် ဝါးခြံစည်းရိုးများ အဓိကလိုအပ်ကာ ခြံစည်းရိုးတစ်ခုကို အနည်းဆုံးငွေ ကျပ် ၄၀၀၀အထိကုန်ကျပြီး၊ သစ်ပင်တွေရေ ရေရှည် ထိန်းသိမ်းဖို့ ငွေကြေး အကူအညီ လိုအပ်ကြောင်းပြောသည်။

“သစ်ပင် စိုက်ရင် ကျွဲ နွားတွေ ဖျက်စီးလို့ မရအောင် လုပ်ဖို့လိုတယ် ၊ ဝါးနဲ ခြံစည်းရိုးလုပ်ရင် အနည်းဆုံး လေးထောင်လောက်ကျတာ၊ အသင်းမှာ ငွေကမတတ်နိုင်ဘူး အဲ့တော့ ရွာကလူတွေဆီ လိုက်အကူအညီတောင်ပြီး လုပ်ကြရတာ၊ ရေရှည်ထိန်းသိမ်းဖို့အတွက်ကျနော် ငွေကြေးအကူအညီလိုအပ်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

လူများလိုအပ်နေသည့် အောက်ဆီဂျင်ဓာတ်ငွေ့များကို ထုတ်လုပ်ပေးကာ ဘေးအန္တရာယ်ဖြစ်စေသည့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူနိုင်စွမ်းရှိသည့် သစ်ပင်များမှာ ကမ္ဘာ့ရာသီဥတု နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေလာစေဖို့ အဓိကလို လုပ်ဆောင်ပေးနိုင်သည့် အပင်များဖြစ်သည့်အတွက် ပိုမိုစိုက်ပျိုးရန်လိုအပ်ကာ နှစ်စဥ်နှစ်တိုင် သစ်ပင်များကို တိုးချဲ့စိုက်ပျိုးသွားမည်ဟု အလယ်ချောင်းရွာ ဖွံဖြိုးတိုးတက်ရေး လူငယ်အသင်း ဥက္ကဌ က ပြောသည်။

“သစ်ပင်က ကျနော်တ်ို့လိုနေတဲ့ အောက်ဆီဂျင်ကို ပေးတယ် ၊မလိုတဲ့ ကာဗွန်တွေကို စုပ်ယူတယ်၊ပတ်ဝန်းကျင်ကိုလဲစိမ်းလန်းစေပြီး မိုးလေ မှန်စေတယ်၊ နှစ်တိုင်း အပင်တွေ တိုးချဲ့စိုက်ဖို့ လုပ်သွားမယ်” ဟု ဆိုသည်။

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် သစ်ပင်များစွာ လဲကျပျက်စီးသွားသည့်အတွက် သစ်ပင်များ ကို မိုးတွင်းကာလအတွင်း အချိန်မှီ ပြန်လည် အစားထိုးစိုက်ပျိုးကြရန် လိုအပ်နေသည်ဟု သဘာ၀ပတ်ဝန်းကျင်းနှင့် ဒီရေတောများကို ပြုပြင်ထိန်းသိမ်း စောင့်ရှောက်နေသူ ကိုမျိုးလွှင် (အမ်း) က ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ