Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ရွာမှ သက်ကြီးရွယ်အိုများနှင့် က‌လေးငယ်များအား မုန်တိုင်းဘေးလွတ်ရာ ယိုးတရုတ်ရွာသို့ ULA/AA ပြောင်းရွှေ့ပေး

ABN-ရှိုင်းမိုး

ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ရွာမှ သက်ကြီးရွယ်များနှင့် က‌လေးငယ်များအား ယိုးတရုတ်ရွာသို့ ULA/AA တပ်ဖွဲ့ဝင်များက ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၁၂ရက်နေ့ ညနေပိုင်းအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ရွာမှ အသက်ကြီးပိုင်းနှင့် ကလေးငယ်များ၊ ကလေးမိခင်များကို ဦးစားပေး၍ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်၊ ပင်မဘုန်းကြီးကျောင်းသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်ထဲမှ မြေပုံ၊ ရသေ့တောင်၊ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် စသည့်ဒေသများမှ မုန်တိုင်းရှောင် ဒေသခံပြည်သူ ၅၀၀၀၀ကျော်ကို ULA/AAမှကူညီ‌ဆောင်ရွက်ပေး၍ ဘေးလွတ်ရာသို့ပို့ပေးလျက်ရှိနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ