Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ် တန်ခိုးရွာနှင့် ကျော်ဇံရွာတို့တွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၊ ရွာသားများထွက်ပြေးနေရ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တန်ခိုးရွာနှင့် ကျော်ဇံရွာတို့ကို စစ်ကောင်စီမှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေသောကြောင့် ရွာသားများထွက်ပြေးနေရကြောင်းသိရသည်။

နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ လောက်အချိန်တွင် စစ်ကောင်စီဖက်မှ ဒရုန်း ၄ စီးဖြင့်လက်နက်ကြီးများပစ်ခတ်မူတိပြုလုပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းကလည်း တန်ခိုးရွာကို လက်နက်ကြီးများဖြင့်လှမ်းပစ်နေကြောင်းသိရသည်။

” လက်နက်ကြီးတွေလည်းပစ်ပါတယ်၊ ရွာထဲကိုလည်း စစ်ကောင်စီ တပ်သားတွေရောက်နေပါတယ်၊ ရွာနားကချောင်းမှာလည်း နေဗီ ရောက်နေပါတယ်၊ ကျွန်မတို့လည်း သူတို့ရွာထဲကိုဝင်နေလို့ ကြောက်ပြီး ပြေးနေရပါတယ် ” ဟု ရွာသားတဦးမှပြောသည်။

ယနေ နံနက် ၆ နာရီကျော်လောက်တည်းက စစ်တွေ မင်းဂံဆိပ်မှ နေဗီ ၄ စီးသည် ကုလားတန်မြစ်ကြောင်းတလျှောက်တတ်သွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ