Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရဲရိုးပြင်ရွာကို အကြမ်းဖက် စစ်ကောင်စီရေတပ်အဖွဲ့က မီးရှို့

AB News-ဒီဇင်ဘာ ၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရဲရိုးပြင်ရွာကို အကြမ်းဖက် စစ်ကောင်စီရေတပ်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၃ ရက် နေ့လည်က ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။

အကြမ်းဖမ်းစစ်ကောင်စီရေတပ်အဖွဲ့သည် ရဲရိုးပြင်ရွာကို ယနေ့ နေ့လည် ၂ နာရီခွဲခန့်က ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ရွာတစ်ခြမ်း မီးလောင်ကျွမ်းသွားကြောင်း မျက်မြင် ဒေသခံများက AB News သို့ပြောသည်။

“ရေတပ်က အဖွဲ့တွေ ရွာကို မီးလာရှို့သွားပါတယ်။ ကျမတို့တွေ သူတို့ရှို့နေတာကို မြင်ရပါတယ်။ ၂ နာရီခွဲလောက်မှာ ရှို့သွားတာပါ။ မီးဟုန်းဟုန်းတောက်နေပါတယ်” ဟု ပြောသည်။

မီးရှို့သွားခဲ့သည့် စစ်ကောင်စီရေတပ်အဖွဲ့မှာ ထိုရဲရိုးပြင်ဘုန်းကြီးတွင် စခန်းချနေခဲ့ပြီး၊ မတ်လ ၁၄ ရက်နေ့က မုန်တိုင်းတိုက်ခတ်စဥ် ပြန်သွားခဲ့သည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံရွာသားများက AB News သို့ပြောသည်။

ရွာကိုမီးရှို့စဥ် စစ်ကောင်စီရေတပ်ဖွဲ့အင်အား ၄၀ ခန့်ပါကြောင်း သိရသည်။

ရဲရိုးပြင်ရွာမှာ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှ တစ်ဖက်တစ်ကမ်းတွင်တည်ရှိသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ရဲရိုးပြင်ရွာကို ဒရုန်းဖြင့် ဗုံကြဲချခဲ့၍ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း လက်နက်ကြီးကျ၍ ရဲရိုးပြင် ဘုန်းတော်ကြီးကျောင်း မီးလောင်သွားခဲ့သည်။

လက်ရှိတွင် ရဲရိုးပြင်ရွာသားများမှာ အကြမ်းဖက်စစ်ကောင်စီ၏ ဒဏ်ကိုကြောက်၍ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ